Chapter 95: Endure, it won't hurt after a while

2K 295 8
                                    

အခန်း-၉၅။ သည်းခံလိုက်နော်၊ ခဏကြာရင် မနာတော့ဘူး။
___________

တကယ်တော့ လင်ကျန်းရီအနေဖြင့်  "ကျွန်တော်တို့ အခု ဆေးရုံ ကိုသွားတော့မယ်" လို့ ပြောလိုက်သည့်အချိန်က သူ ဒီကိစ္စကို မကိုင်တွယ်နိုင်တော့ဘူးလို့ ခံစားမိတာကြောင့် သူ့မိဘတွေကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။

အိမ်မှာသာ တခြားသူတစ်ယောက်ယောက်ရှိနေခဲ့ပါလျှင် စုကျစ်ယန်ကို သူက ကားအနောက်ခန်းမှာ ဂရုစိုက်ပေးနိုင်ပြီး အဲဒီလူကို ကား မောင်းခိုင်းနိုင်သည်။

သို့သော်၊ ယခုအချိန်တွင် သူတစ်ယောက်တည်းသာရှိနေပြီး သူ ရှေ့တွင် ကားမောင်းနေတုန်း စုကျစ်ယန်ကိုနောက်ခန်းတွင် တစ်ဦးတည်းမထားခဲ့နိုင်ပေ။

ဤတွေးမထင်ထားသော အခြေအနေကြောင့် လင်ကျန်းရီသည် သူ့မိဘများကို သူ့အိမ်သို့ ခေါ်ဆောင်ကာ သူတို့နှင့်အတူ အချိန်အတော်ကြာ နေခိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။ 

ကျစ်ယန် တစ်ယောက် သူ ကုမ္ပဏီမှာရှိနေတဲ့အချိန် ဗိုက်နာရင် ဘယ်လိုလုပ်မလဲ?

“ဝူး…”

စုကျစ်ယန်သည် တစ်စုံတစ်ယောက်က သူ့ဗိုက်ထဲတွင် မုန့်ကြိုးလိမ်ကို​ လိမ်နေသကဲ့သို့ တွန့်လိမ်နေသော နာကျင်မှုကို ခံစားနေရသည်။ အသက်ရှုရခက်သည့်အတွက် နာကျင်လွန်းလို့ လင်ကျန်းရီရဲ့ ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သူ့အရင်ဘဝက သေသွားချိန် ရရှိခဲ့တဲ့ traumaက သူ့အတွေးထဲသို့ တစ်ဖန်ပြန်ရောက်လာသည်။

"ကျစ်ယန်၊ မစိုးရိမ်နဲ့နော်၊ မင်းအဆင်ပြေသွားမှာပါ..."

လင်ကျန်းရီသည် လူနာတင်ယာဉ်လွယ်ကူစွာအမြန်ဝင်လာနိုင်စေရန်အတွက် အဝေးထိန်းခလုတ်ကို အသုံးပြု၍ တံခါးမကြီးနှင့် တံခါးကို ဖွင့်ထားပြီးသားပင်။ သူသည် ပြတင်းပေါက်ကနေ အပြင်ဘက်သို့ စိုးရိမ်တကြီးကြည့်နေရင်းဖြင့် စုကျစ်ယန်ကို နှစ်သိမ့်ပေးနေလိုက်သည်။

“…လူနာတင်ကားက ဘာလို့ အခုချိန်ထိ မရောက်သေးရတာလဲ?"

“ရီ…”

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now