Chapter 92: Come back drunk

2K 275 7
                                    

အခန်း ၉၂။ အရက်မူးပြီး ပြန်လာသည်။

လင်ကျန်းရီဟာ ယခင်တုန်းက စုကျစ်ယန်၏နောက်ခံကို စုံစမ်းခဲ့ဖူးသည်။ မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တာ အမှန်ပင်။ သို့သော်လည်း ဘာကြာင့် သူအဲဒီ့မှာရှိနေရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့ လင်ကျန်းရီမရှာနိုင်ခဲ့ပေ။

ယခင်တုန်းက စုကျစ်ယန်ဟာ သူအစွန့်ပစ်ခံခဲ့ရသည်ဟု ဖော်ပြခဲ့ဖူးသည်။

— စုကျစ်ယန်က သူ့မိဘတွေသူ့ကို စက်ဆုပ်ရွံရှာသည်၊ လူထူးဆန်းဟုမြင်ကြပြီး မိဘမဲ့ဂေဟာ၏ တံခါး၀မှာ စွန့်ပစ်လိုက်တာဟု ထင်မြင်ခဲ့သည်။

လင်ကျန်းရီအနေဖြင့် ဒါကဖြစ်နိုင်ချေမရှိဘူးဟု ခံစားရသည်။ ရောဂါကျွမ်းနေသူလည်းမဟုတ်၊ မသန်မစွမ်းဖြစ်နေတာလည်းမဟုတ်ပါဘဲ ဘာကြောင့်များ သူတို့က သူတို့ရဲ့ကလေးကို စွန့်ပစ်ခဲ့ကြပါသလဲ။

စုကျစ်ယန်၏အနေအထားကို စက်ဆုပ်ရွံရှာသည်ဆိုလျှင်တောင်မှ စွန့်ပစ်ဖို့လောက်အထိ မလိုအပ်ဘူးမလား။ သူတို့ရဲ့ကလေးကို သင့်တင့်လျောက်ပတ်တဲ့အနေအထားနဲ့ လမ်းညွှန်ပြသပြီး အမျိုးသမီးတစ်ယောက်နဲ့ မိသားစုတစ်ခုထူထောင်နိုင်ဖို့ လုပ်ဆောင်ပေးတာက အဆင်မပြေနိုင်လုိ့လား။

ဟုတ်ပါရဲ့။ ဒါကတစ်ကယ်တမ်း လင်ကျန်းရီတွေးနေတဲ့အရာမဟုတ်ပေ။ စုကိစ်ယန်သာမိန်းမယူပြီး ကလေးတွေမွေးခဲ့ပါလှိင် သူကရော ဘာလုပ်ရတော့မည်နည်း။

သည်တော့ပြောရလျှင် သူ့အခြေအနေက ကံကောင်းသည်ဖြစ်စေ၊ ကံဆိုးသည်ဖြစ်စေ။ စုကျစ်ယန်ဘ၀၏ပထမဆုံး ၂၄နှစ်တာကာလကတော့ ခါးသီးနာကျည်းဖို့ကောင်းခဲ့ပါသည်။

သို့သော်လည်း ယခုတော့ သူဟာလင်ကျန်းရီနှင့် ဆုံတွေ့ခဲ့ရသည်။ ဒါကသေချာပေါက်ကို ကိုယ်ရောစိတ်ပါ သက်တောင့်သက်သာ ရှိနေနိုင်စေလိမ့်မည်။

လင်ကျန်းရီအနေဖြင့် သူ့ဇနီးလေးကို သေချာပေါက် ချစ်ခင်မြတ်နိုးကာ သူ့ဘ၀တစ်လျှောက်လုံး ကောင်းမွန်စွာ ဂရုစိုက်ပေးရင်း ဒဏ်ရာရခဲ့သာနှလုံးသားလေးကို ကုသပေးမှာဖြစ်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now