Chapter 78: What is your intention?

2.2K 314 13
                                    

[ Unicode ]

လေပြည် - ကြိုပြောစရာလေးရှိလို့ပါ။ အရင်ကယဲ့ရှိုလို့ရေးနေတဲ့တစ်ယောက်ကို အခုကစပြီး ယဲ့ရှော်လို့ပြောင်းသုံးပါ့မယ်နော်။ ရှော်ကမှ သူ့အသံထွက်အမှန်ဆိုတာ တရုတ်စာတတ်တဲ့ လေပြည့်အစ်မတစ်ယောက်ကိုမေးမိမှ သိလိုက်ရတာမို့ပါ။

- - - - - - - - - - - -

အခန်း-၇၈။ မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။
___________________________________________

ကျောင်းသားများအတွက်တော့ ဆရာဖြစ်သူနဲ့ စာသင်ခန်းထဲကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၀င်ကြတယ်ဆိုတာက သိပ်ပီးမထူးခြားလှပါဘူး။

သို့သော်လည်း အတန်းစပြီးဆယ်မိနစ်အကြာမှ ပုံစံမတူဘဲဆွဲဆောင်မှုရှိနေတဲ့ ယောက်ျားလေးနှစ်ယောက်က စာသင်ခန်းထဲ ၀င်လာကြသည်။ မိန်းကလေးများ အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြလေပြီ။

__ဝိုး.... ပါမောက္ခလော့ရဲ့ဘေးကပါလာတာကလည်း အရမ်းခန့်ငြားတဲ့ကောင်လေးတစ်ယောက်ပါလားဟဲ့...

ဟုတ်တာပေါ့။ ယဲ့ရှော်က အဲဒီ့လောက်မငယ်တော့ပါ။ သူက၁၉နှစ်ရှိပြီဖြစ်ပြီး ဖွံ့ဖြိုးနေနှင့်လေပြီ။ သို့သော်ငြား ၂၅နှစ်ရှိပြီဖြစ်သော လော့ယန်နှင့်ယှဉ်လျှင်တော့ အတွေ့အကြုံနုနယ်သေးသည်။

ယဲ့ရှော်ကမျက်တောင်ခတ်ကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ အရှေ့၊ အနောက် ထိုင်ခုံအားလုံးပြည့်နေပြီဖြစ်သည်။

အများစုက မိန်းကလေးတွေဖြစ်ပြီး ကံကောင်းစွာပင် ယောက်ျားလေးအချို့လည်းရှိနေပါသေးသည်။

လော့ယန်ဆီဦးတည်နေသော သူတို့၏မျက်နှာအမူအရာများမှာ ငမ်းငမ်းတက်ဖြစ်နေပြီး မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ သူတို့အားလုံးက လော့ယန်အတွက်နှင့် လာခဲ့ကြတာပဲဖြစ်သည်။

ယဲ့ရှော်၏နှလုံးသားလေးအေးစက်သွားပြီး ပထမဆုံးထိုင်ခုံတန်း၏အလယ်မှ မိန်းကလေးနှစ်ယောက်ကို တိုးတိုးပြောလိုက်သည်။ မိန်းကလေးက ရှက်သွေးဖြာကာ ခေါင်းညိတ်ပြပြီးနောက် သူ၏ပစ္စည်းများကိုထုပ်ပိုးပြီး အနောက်ဘက်မှလစ်လပ်နေသော ထိုင်ခုံများဆီသို့ လျှောက်သွားလေသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Unde poveștirile trăiesc. Descoperă acum