Chapter 34: Big Grey Wolf Ling's 'conspiracy'

4.3K 928 24
                                    

Unicode

စုကျစ်ယန်၏ မောပန်းနေတဲ့ ညည်းတွားသံကိုကြားကြားချင်း လင်ကျန်းရီတံခါးကိုချက်ချင်းပိတ်ကာ တတ်နိုင်သမျှ အမြန်ဆုံးပြေးချလာလေသည်။ ဆိုဖာဘေးမှာဆောင့်ကြောင့်ထိုင်လိုက်ရင်း နူးညံ့ညင်သာစွာမေးလိုက်သည်။

"ကိုယ်မင်းကို နှိပ်ပေးရမလား"

စုကျစ်ယန် ဘေးကိုနေရာနည်းနည်းလောက် မရွှေ့ပေးခင် မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်သည်။

"ခါးလာနှိပ်ပေး... အကြာကြီးမတ်တပ်ရပ်လိုက်ရတာ ခါးကျိုးတော့မယ်"

ဒါက ဒီလူတစ်ကယ်ပဲပြောင်းလဲသွားပြီလား။ ဒါမှမဟုတ် ယောက်ျားပီသဟန်ဆောင်နေတာလားဆိုတာ စမ်းသပ်ဖို့အခွင့်အရေးပဲလေ။

စုကျစ်ယန်ရဲ့ တမင်သက်သက်မာနကြီးပြနေတဲ့ပုံစံလေးကို လင်ကျန်းရီမြင်လိုက်ရတဲ့နောက် စိတ်ထဲမှာရယ်မောလိုက်သည်။ သို့သော်လည်း သူ့လှုပ်ရှားမှုတွေကတော့ ရပ်မသွားပေ။ သူ့လက်တွေကို စုကျစ်ယန်ရဲ့ဘေးကိုပို့ကာ နူးညံ့စွာနှိပ်နယ်ပေးလိုက်သည်။

သူဆေးရုံမှာတုန်းက ကိုယ်၀န်ဆောင်တစ်ယောက်အတွက် အခြေခံအချက်များနှင့် ဂရုစိုက်ရန်နည်းလမ်းများအကြောင်း ဆရာ၀န်ကိုမေးခဲ့ပြီးပြီ။ အနည်းငယ် နှိပ်နယ်ပွတ်သပ်ပေးခြင်းက စိတ်အားငယ်မှုနှင့် နာကျင်မှုတွေကိုလျော့ပါးစေသည်တဲ့။

စုကျစ်ယန် ဆိုဖာပေါ်လှဲချသလိုလိုနှင့် သူ့ကိုတစ်ချက်မျှခိုးကြည့်လိုက်တော့ တည်ငြိမ်စူးစိုက်စွာ နှိပ်ပေးနေဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။

လင်ကျန်းရီရဲ့လေးနက်မှုတွေနဲ့ အလိုလိုက်နေတဲ့အမူအရာတွေက မမျှော်လင့်ဘဲ သူ့နှလုံးသားကို ကြောင်လေးတစ်ကောင် ကုတ်ခြစ်နေသလို ပို၍ပို၍လျှင်မြန်စွာ တဒိတ်ဒိတ်ခုန်ပေါက်လာစေသည်။ ကလိကလိနှင့်ယားယံစေသလို ကိုးယို့ကားယားလဲနိုင်လှပါသေးသည်။

စုကျစ်ယန်ခိုးကြည့်နေကြောင်း လင်ကျန်းရီသတိပြုမိလိုက်တော့ ပျော်ရွှင်သွားရသည်။ သို့သော်လည်း သူမမြင်သလိုဟန်ဆောင်နေဆဲ။ ထို့ပြင် သူ့ရဲ့ဇနီးလေးကို ဘယ်လောက်အထိချစ်မြတ်နိုးကြောင်းပင် ပြသနေလိုက်သေးသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now