Chapter 91: That woman is a scourge after all.

1.4K 224 3
                                    

အခန်း ၉၁။ အဆုံးသတ်မှာတော့ ဒီအမျိုးသမီးက ဘေးအန္တရာယ်ဆိုးပါပဲလေ။

လော့ယန်တစ်ယောက် ယဲ့ရှော်ကိုဘယ်လိုမျိုးကြည့်နေတယ်ဆိုတာ စုကျစ်ယန်မြင်လိုက်ရချိန်မှာ သူ့နှလုံးသားထဲမှပင် မရယ်မောဘဲမနေနိုင်တော့ပေ။

ဒါကြောင့် ဒီလူဟာ သူ့နှလုံးသားရဲ့ဆိုလိုရင်းနဲ့ မကိုက်ညီတဲ့သူတစ်ယောက်လည်း ဖြစ်လေသည်။

လော့ယန်ဟာ ရှင်းလင်းစွာပဲ သူ့(စု)လိုလူမျိုးပဲဖြစ်သည်။ သို့သော်လည်း လော့ယန်ကတော့ ယဲ့ရှော်ကို ကြိုးရှည်ရှည်လှန်ထားလေသည်။

ကောင်းပြီ။ လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်အကျင့်တွေရှိတတ်ကြတာပင်။ သူတို့ဟာအခြားတစ်ယောက်နှင့် ပိုပြီးကစားချင်လျှင် ထိုကဲ့သို့ကစားကြဦးမှာပါပဲ။

သည်အကြောင်းပြောရမည်ဆိုလျှင် အစပိုင်း၌ သူသည်လည်း လင်ကျန်းရီကို ကြိုးရှည်ရှန်လှန်ထားခဲ့သေးသည်မဟုတ်လား။ လင်ကျန်းရီကတဖြည်းဖြည်းချင်း သူ့အပေါ်နှစ်သက်လာခဲ့တာတောင်မှ သူကတော့ သူ့ကိုစမ်းသပ်ချင်ခဲ့တုန်းပင်။

သို့သော်လည်း သူ့မှာကိုယ်၀န်ကခြောက်လမျှရှိနေခဲ့ပြီးဖြစ်ကာ သူ့ဘာသာကောင်းကောင်းဂရုစိုက်နေရသည့်အပြင် သူ၏အဖိုးတန်သားငယ်လေးများဟာလည်း သူ့အာရုံစိုက်မှုကို အမြောက်အမြား ရရှိခဲ့ပြီးဖြစ်သည်။ လင်ကျန်းရီကိုရင်ခုန်ဖို့ သူ့မှာဘယ်လိုလုပ်ပြီး ရည်ရွယ်ချက်ရှိနိုင်ပါ့မလဲ။

လော့ယန်နှင့်ယဲ့ရှော်တို့မှာတော့ အချစ်၏လှပမှုများအကြား ပျော်ရွှင်နေခဲ့ကြပြီဖြစ်သည်။ သူ့မှာကောင်းတာတစ်ခုကတော့ ဒိတ်မလုပ်ရသေးခင် လက်ထပ်ပြီးခဲ့တာဖြစ်သည်။

အိုး...။ မဟုတ်သေးဘူး။ သူက လက်တောင်မထပ်ရသေးဘူးလေ။ ဒါပေမဲ့လည်း လက်ထပ်ပြီးတာထက်တောင်မှ အကူအညီမရဖြစ်နေသေးရဲ့။
  
သူ့ကလေးလေးတွေက ခုနစ်လဆီချဉ်းကပ်လာပြီဖြစ်သည်။ သူကြံ့ကြံ့ခံနိုင်ရင်တောင်မှ သူ့ကိုဂရုစိုက်စောင့်ရှောက်ပေးမဲ့ တစ်စုံတစ်ယောက်ကို လိုအပ်နေဆဲပါပဲ။

ဘာပဲဖြစ်ဖြစ် လင်ကျန်းရီကတော့ သူ့ကိုသာတွယ်ဖက်ထားရန် ရွေးချယ်လေသည်။ ဒီအခွင့်အရေးကိုသာ သူအသုံးမချလိုက်ဘူးဆိုရင် ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို ဖြုန်းတီးသလို မဖြစ်သွားနိုင်ဘူးလား။
  
စုကျစ်ယန်၏ကြီးမားရွှန်းလဲ့သော မျက်လုံးများ ရွေ့လျားသွားကာ အတွေးတစ်ခုက နှလုံးသားထဲမှာ အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Wo Geschichten leben. Entdecke jetzt