Chapter-18 : Shotgun marriage? part 2

5.9K 1.1K 27
                                    

Zawgyi

စုဇစ်​​ယောင်​ ​ကျေနပ်​စွာပြုံးလိုက်​ပြီး​နောက်​ လိ​မ္မော်​ခွံကိုသူ၏လက်​သည်းများဖြင့်​ ကုတ်​ခြစ်​ကာ သူ့နှာ​ခေါင်းအနားမှာယူပြီး နမ်းလိုက်​သည်​ ။ ပြင်းထန်​သည့်​ ချဉ်​စူးစူးအနံ့က သူ၏မူး​ဝေပြီးမသက်​မသာဖြစ်​​နေသည့်​ အ​ခြေအ​နေမှ လွတ်​​မြောက်​​အောင်​ ကူညီ​ပေးလိုက်​သည်​ ။

စုဇစ်​​ယောင်​ကို စကား​ပြော​နေရင်းနှင့်​ပင်​ ​လော့​ယောင်​က ဒရိုင်​ဘာကို ပုဂ္ဂလိက​ဆေးရုံကိုသွားဖို့​ပြောလိုက်​၏ ။

"ဖျင်အန်းဆေးရုံကိုပဲသွားပါလား ဘာလို့ ပုဂ္ဂလိက​ဆေးရုံလဲ "

စုဇစ်​​ယောင်​အ​နေဖြင့်​ ပုဂ္ဂလိက​ဆေးရုံကိုသွားမည်​ဟူ​သောစကားကိုကြားလိုက်​ရသည့်​အခါ  အရင်​ဘ၀တွင်ထိုေ​နရာ၌ သူဘယ်​လို​သေဆုံးခဲ့ရသည်​ကို အမှတ်​ရလိုက်​ပြီး ထို​ဆေးရုံသို့ သွားလိုစိတ်​မရှိ​တော့​ချေ ။

"အဲဒီက ကိရိယာ​တွေကပို​ကောင်းပြီး လိုအပ်တာအားလုံးရှိတယ်​ ​နောက်​ဆယ်​မိနစ်​​လောက်​ဆို​ရောက်​ပြီ ဘာကိုမှဂရုစိုက်​မ​နေပါနဲ့ မင်းရဲ့ကျန်းမာ​ရေးက ပိုအ​ရေးကြီးတယ်​ "

လော့​ယောင်​၏စိတ်​ထဲတွင်​ စုဇစ်​​ယောင်​တစ်​​ယောက်​ ​​ငွေ​ကြေးအကုန်​အကျများမည်​ကို ​တွေးပူ​နေသည်​ဟုထင်​မိပြီး ​သေချာရှင်းပြလိုက်​၏ ။

"ဒါ​ပေမယ့်​.."

စုဇစ်​​ယောင်​ တစ်​ခုခုပြောဖို့ကြိုးစားလိုက်​​ပေမယ့်​ ​လော့​ယောင်​က သူ့စကားကိုဖြတ်​ပြီး ​ပြောလာပြန်​သည်​ ။

"အဲ့​ဆေးရုံမှာ ကိုယ့်​အသိ​တွေရှိတယ်​ ​နောက်ပိုင်း​​တစ်​ခုခုလွဲ​ချော်​သွားရင်​​တောင်​ သူတို့ရှိ​တော့ စိုးရိမ်​စရာရှိမှာမဟုတ်​ဘူး.."

စုဇစ်​​ယောင်​ ထိုအတွက်​စဉ်းစားပြီး​နောက်​ လက်​ခံလိုက်​သည်​ ။ ဘာပဲဖြစ်​ဖြစ်​ သူကဖျက်​ချတာမျိုးလုပ်​မှာမှ မဟုတ်​​တော့တာ ဘာ​ကြောက်​စရာများလိုလို့လဲ ။

ဧည့်​ကြိုဌာန၌ တန်းစီခြင်း၊ ​ငွေ​ပေးခြင်း အစရှိသည်​အားလုံးကို ​လော့​ယောင်​ကလုပ်​​ပေးသွားပြီး စုဇစ်​​ယောင်​အတွက်​ကမူ ခုံ၌ငြိမ်​ငြိမ်​​လေး ထိုင်​​စောင့်​​နေရုံ​လေးပင်​။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now