Chapter 16: Welcome to the house!

7.4K 1.3K 17
                                    

Zawgyi

စုဇစ်​​ယောင်​သည် သူ၏ရိုးရှင်းသောမေးခွန်းကိုပင်​ အလွန်အံ့အားသင့်သွားပြီး​နောက်​ ပြန်​​ဖြေလိုက်​သည်​ ။

" ဟုတ်တယ် "

လော့​ယောင်​က နားလည်ပါတယ်​ဟူ​သော အပြုံးဖြင့်​ပြုံးပြ၏ ။ 

"ကိုယ်​ရောပဲ "

စုဇစ်ေ​ယာင်​၏မျက်လုံးများကအံ့အားသင့်မှုဖြင့်​ ပြည့်​​နေခဲ့၏ ။  ​လော့​ယောင်​သည်​  သူ၏တုန့်​ပြန်​မှုကိုသဘောကျကာ ရယ်မော​နေခဲ့သည်​ ။ 

" မေးခွန်းက​ရော ကိုယ့်​ကို gayတစ်​​ယောက်​နဲ့ အတူ​နေနိုင်​ရဲ့လားလို့ မ​မေး​တော့ဘူးလား "

"အင်း ... ဒါကလည်း အ​ရေးပါတဲ့အချက်​ပဲ ဒါ​ပေမယ့်​ ဒီ့ထက်​အ​ရေးကြီးတဲ့အချက်​ ရှိ​သေးတယ်​ "

စုဇစ်ေ​ယာင်​တစ်​​ယောက်​ သူ၏စိုးရိမ်ပူပန်မှုကို သင့်​​လျော်​​အောင်​ မည်​သို့မည်​ပုံ ထုတ်ဖော်ပြောဆိုရမည်​လဲဆိုတာ ​တွေး​တောမရ​ချေ ။

လော့​ယောင်​က လူကြီးလူ​ကောင်းဆန်​ဆန်​ပင်​ စကားလမ်းစ​ဖောက်​​ပေးလာသည်​ ။

"ကိစ္စမရှိပါဘူး မင်းရဲ့ပြဿနာ ဘာမဆို ​ပြောပြလို့ရတယ်​ ကိုယ်​ကအဲလို​နေရာ​တွေမှာ စိတ်​ရှည်​ပါတယ်​ "

"ခင်​များကြားဖူးလား ထူးခြားတဲ့ခန္ဓာကိုယ်​တည်​​ဆောက်​ပုံရှိတဲ့ ​ယောက်ျား​လေး​တွေအ​ကြောင်း​လေ "
 
စုဇစ်​​ယောင်​သည်အသက်ပြင်းပြင်းရှူကာ အသံမြှင့်​ပြီး ​အော်​​ပြောလိုက်​သည်​ ။

လော့​ယောင်​၏နူးညံ့သိမ်မွေ့သောမျက်​နှာ​ပေးသည် ​နောက်ဆုံးတွင်အနည်းငယ်​​ပြောင်းလဲသွားပြီး  သူကအံ့သြသွားပုံဖြင့်

"အဲတာက မင်းလား"

စုဇစ်​​ယောင်​တစ်​​ယောက်​ အရှိန်​ပြင်းပြင်းဖြင့်​ ဖြတ်​ရိုက်​ခံလိုက်​ရသလို ခံစားလိုက်​ရ၏ ။  ယခင်အိမ်ငှားများရောက်လာသည့်အခါတိုင်း ​မေးခွန်းများက အလွန်စိတ်ရှုပ်​စရာ​ကောင်းသည့်​အ​ကြောင်း ​ပြောကြ၏ ။ ထိုသို့မဟုတ်ဘဲ ထိုလူကမိန်က​လေး ဖြစ်​​နေပါက သူ့ကို ခုန်​အုပ်​​တော့မည့်​ သွားရည်​တမြားမြားကျ​နေသည့်​ ၀ံပု​လွေအလား မြိုချ​တော့မ​ယောင်​ အာသာငမ်းငမ်း စိုက်​ကြည့်​တတ်​ကြပြန်​၏ ။ မည်​သူမျှ ​လော့​ယောင်​ကဲ့သို့ ထက်​မြက်​ကာယဉ်​​ကျေးပြီး ​လေးစားမှု မရှိကြ​ချေ ။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now