Chapter 90: Intersected network...

1.8K 308 5
                                    

အခန်း ၉၀ - ဖြတ်တောက်ထားသည့်ကွန်ရက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အခန်း ၉၀ - ဖြတ်တောက်ထားသည့်ကွန်ရက်

ယဲ့ရှော်မှာကားတစ်စီးရှိပြီး ကားမောင်းလိုင်စင်သည်လည်းရပြီးဖြစ်၏။သူကကားကိုကျွမ်းကျင်စွာမမောင်းတတ်သလို၊ လော့ယန်သည်လည်း ကားမည်သို့မောင်းရမည်ကို မသိသဖြင့် အမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်ကိုသာစီးနေခဲ့ကြသည်။ ယဲ့ရှော်မှာရှေ့မှမောင်းပြီး လော့ယန်ငနောက်မှနေ၍ သူ့ခါးကိုကိုင်ကာစီးနင်း၏။

သူတို့ကအလျင်မလိုဘဲ အိမ်မှထွက်လာကာ ဆိုင်ကယ်ကို ဖြည်းဖြည်းချင်းသာမောင်းခဲ့ကြသည်။

မနက်ခင်း၈နာရီအချိန်၌ဖြစ်ပြီး နေရောင်ကတောက်ပနေသည့်တိုင် မပူလွန်းသည့်အခြေအနေမှာဖြစ်သည်။လေကအတားအဆီးမရှိ သူတို့ကိုဖြတ်တိုက်သ့်ားပြီး သက်တောင့်သက်သာဖြစ်နေခဲ့၏။

သူတို့က helmetကိုဆောင်းထားကြသည်။ ယဲ့ရှော်မှာလေအိုးလေးဖြစ်ပြီး သူကတစ်လမ်းလုံး လော့ယန်ကို ဟာသများစွာပြောနေခဲ့သည်။ထိုအရာနှင့်ပတ်သက်ပြီး သူ့ကိုယ်သူရပ်တန့်ဖို့တားဆီးမရနိုင်ခဲ့ချေ။

သူ့စကားတွေကိုနားထောင်နေသည့်လော့ယန်၏မျက်နှာထက်၌ နွေးထွေးသည့်အပြုံးတစ်ခုရှိနေပြီး သူကတစ်ခါတစ်ရံ၌ သူ့ရှေ့ရှိအနှောင့်အယှက်ပေးလွန်ူသည်ဟုထင်ရသည့် ကလေးကြီးအား စကားတစ်ခွန်းနှစ်ခွန်းမျှဝင်ပြောရင်းနှောင့်ယှက်နေခဲ့၏။

အတန်ကြာအောင်မောင်းပြီးနောက် မော်တော်ဆိုင်ကယ်လေးက သတ်မှတ်နေရာမှာရပ်သွားခဲ့သည်။ ယဲ့ရှော်က luxurious villaကြီးကိုကြည့်ကာ ချဲ့ကားစွာဖြင့် "ဝေါင်း!"ဟူ၍အော်လိုက်လေသည်။ထိုအခါ လော့ယန်မှ "အပိုတွေဘာလို့လုပ်နေတာလဲ၊ မင်းအိမ်ကချမးသာလွန်းလို့ဒီထက်တောင်ပိုဇိမ်ခံနိုင်သေးတာပဲ"ဟူသောအကြည့်ဖြင့် ကြည့်လာသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now