Chapter 46: Express delivery

2.8K 651 13
                                    

Unicode

အခန်း ၄၆။ အမြန်ချောပို့

စုကျစ်ယန်အိပ်ရာနိုးချိန်မှာ အိမ်မှာသူတစ်ယောက်တည်းရှိကြောင်း သိလိုက်သည်။ သူသံသယဖြင့် ဒုတိယအိပ်ခန်းကို တစ်ချက်သွားကြည့်လိုက်သည်။

လင်ကျန်းရီ၏ အရိပ်အယောင်မရှိနေပေ။ စုကျစ်ယန် ဧည့်ခန်းကိုသွားကာ အော်ခေါ်ဖို့ဆုံးဖြတ်လိုက်သည်။

"လင်ကျန်းရီ... လင်ကျန်းရီ..."

ထူးဆန်းလိုက်တာ။ လင်ကျန်းရီ ဘယ်သွားပါလိမ့်။

သူရေချိုးခန်းကိုလည်းသွားပြီး စစ်ကြည့်လိုက်သည်။ ဒါပေမယ့် အဲဒီ့မှာလဲဘယ်သူမှမရှိ။ လင်ကျန်းရီကိုရှာဖွေရင်း သူ့ဗိုက်ထဲကတကြုတ်ကြုတ်မြည်လာသည်။

စုကျစ်ယန်ရှာဖွေနေတာကိုရပ်ကာ သူ့အခန်းဆီပြန်လာပြီး နောက်ဆုံးတစ်ကြိမ်တွေ့တုန်းက လော့ယန် သူ့ဖို့၀ယ်လာပေးခဲ့သည့် သွားရည်စာမုန့်ကို ဆွဲထုတ်လိုက်သည်။

အော်ဟစ်မြည်တမ်းနေသည့်၀မ်းဗိုက်လေးကို နှစ်သိမ့်ဖို့ မုန့်ထုပ်ကိုဖောက်ကာ တစ်ခုစားလိုက်သည်။

"တင်းတောင်... တင်းတောင်..."

ရုတ်တရက်ြမည်လာသော တံခါးဘဲလ်သံက စုကျစ်ယန်ကိုအံ့အားသင့်သွားစေသည်။ ဒီလိုနေ့မှာမှ ဘယ်သူလာပြီး ဘဲလ်တီးနေတာပါလိမ့်။

ဒုတိယအိပ်ခန်းကို နောက်ဆုံးတစ်ကြိမ်စစ်ဆေးလိုက်ရာ အကြည့်တစ်ချက်တည်းဖြင့် လင်ကျန်းရီ၏ ရှုးဖိနပ်တွေကိုမြင်လိုက်ရသည်။

သူအပြင်သွားတာဆိုရင် ဖိနပ်ပါးတွေကိုပဲ ထားခဲ့သင့်တာလေ။ တစ်ခုခု၀ယ်ဖို့ အောက်ဆင်းသွားတာကို သော့ယူဖို့မေ့သွားတာဖြစ်နိုင်တယ်။ ပြီးတော့ သူပြန်လာချိန်မှာ သော့မပါလာတာသတိထားမိတယ်။ ဒါကြောင့် တံခါးဘဲလ်နှိပ်နေတယ်ပေါ့။

"ဘယ်သူလဲ"

စုကျစ်ယန်တံခါးမဖွင့်ခင် သတိဖြင့်မေးလိုက်သည်။

"အမြန်ချောပို့ပါ"

လူစိမ်းတစ်ယောက်၏အသံက အပြင်ဘက်မှထွက်ပေါ်လာသည်။ စုကျစ်ယန်မျက်မှောင်ကြုတ်လိုက်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now