Chapter 97: It's really painful to give birth

5.4K 474 16
                                    

အခန်း ၉၇ - ကလေးမွေးဖွားရတာ တကယ်ကို နာကျင်ရတယ်

***************************

“အား—”

စုကျစ်ယန်နာကျင်စွာအော်လိုက်သည်။  ဝမ်းဗိုက်ကပြင်းထန်သည့်နာကျင်မှုက သူ့ကိုလွှမ်းခြုံသွားသည်။ နောက်ဆုံးအကြိမ်လောက်သာ ခံစားရလိမ့်မည်ဟု သူထင်ခဲ့သည့်တိုင် မမျှော်လင့်ဘဲ အဆတစ်ရာကျော် နာကျင်ခဲ့ရသည်။

လင်ကျန်းရီက မျက်မှောင်ကြုတ်လိုက်သည်။ ကျစ်ယန်၏တုန်ရီနေသည့်ကိုယ်လေးမှ ပြင်းထန်သည့်နာကျင်မှုကို ဘေးမှနေ၍ခံစားနိုင်သည့်တိုင် ကံဆိုးစွာဖြင့် သူ့မှာမျှဝေနိုင်ခြင်းမရှိချေ။

ဒေါက်တာနှင့် သူနာပြုများမှာ သူတို့နေရာနှင့်သူတို့ရှိနေပြီးဖြစ်သည့်တိုင် လင်ကျန်းရီ၏ ပြင်းပြသည့်ဟန်ပန်ကိုကြည့်ပြီး သူပါလူနာနှင့်အတူလိုက်ပါနိုင်ကြောင်း ပြောလာခဲ့သည်။ ဒေါက်တာကဘာမှမပြောဘဲ ထိုအစား လင်ကျန်းရီက ကူရှင်လေးဖြစ်ဖို့သင့်တော်သည်ဟုသာ တွေးခဲ့သည်။

စုကျစ်ယန်၏အသက်ရှူသံမှာ သူကြောက်ရွံ့လာသည်နှင့်အမျှ ပိုပြီးပြင်းထန်လာခဲ့သည်။ အရင်ဘဝ၌ ခွဲစိတ်ကုတင်ပေါ် သူအသက်ဆုံးရှုံးခဲ့ရသည်ကို အမှတ်ရသွားသည့်အခါ ပို၍တုန်လှုပ်လာသည်။ ထို့အပြင် သူ့ဗိုက်ထဲကနာကျင်မှုကလည်း သူ့ကိုပို၍ညှင်းပန်းနေခဲ့ပြီး နာကျင်မှုကပို၍ပြင်းထန်လာကာ ဆိုးရွားသည့် နာကျင်မှုစက်ဝန်းကို ဖန်တီးပေးနေသလိုပင်။

လင်ကျန်းရီက သူ့ကိုအမြဲနှစ်သိမ့်ပေးပြီး ချော့မော့နေစဥ် ဒေါက်တာကလည်း သူ့ကိုစိတ်လျော့ဖို့ပြောတာသည်။

"ဇနီးလေး၊ ဒေါက်တာပြောတာကိုနားထောင်၊ စိတ်မပူနဲ့နော် စိတ်လျော့ထား၊ စိတ်ကိုလျှော့နော်၊ အသက်ကိုပြင်းပြင်းရှူ ပြန်ထုတ် ၊ ဟုတ့တယ် မှန်တယ်၊ အသက်ကိုပြင်းပြင်းရှူ ... ရှူထုတ်.."

နောက်ဆုံးမှာတော့ စုကျစ်ယန်ကအသက်ကိုမှန်မှန်ရှူလာခဲ့သည်။ သို့ပေမယ့် ဒေါက်တာက စုကျစ်ယန်မှာ သွေးစထွက်ရုံမျှသာရှိသေးကြောင်း ဆက်လက်ပြီး သားအိမ်ကျုံ့သွားတာတွေ နာကျင်မှုတွေဆက်ဖြစ်လိမ့်မယ်ဆိုတာကို နားလည်ခဲ့သည်။ ရေမြွာကလည်းမပေါက်သေးရကား သူက စုကျစ်ယန်၏ဝမ်းဗိုက်အပေါ်ပိုင်းကို အကြိမ်များများဖိလိုက်သည်။ အထဲမှသန္ဓေသားလေးများမှာ သူမျှော်လင့်ထားသလို အောက်သို့မဆင်းဘဲရှိနေပြီး စုကျစ်ယန်မှာလည်း နာကျင်မှုဒဏ်ကိုမခံနိုင်တော့ချေ။ သူကခေါင်းကိုလှန်ချပြီး မျက်လုံးစုံမှိတ်ကာ နာကျင်မှုကို ခံနိုင်ရည်ရှိအောင်ကြိုးစားနေခဲ့သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now