ဇာတ်သိမ်း(final Part)

Start from the beginning
                                    

"အားလုံးအဆင်ပြေပါတယ် သိပ်မကြာခင် ပုံမုန်အတိုင်းဖြစ်လာမှာပါ ဒါပေမယ့် ဗိုက်ကဒဏ်ရာကအနာမကျက်သေးတာကြောင့် သိပ်လှုပ်လှုပ်ရှားရှားမလုပ်စေချင်ဘူး...ပြီးတော့အိမ်မှာနေရင်လည်း အလေးတွေဘာတွေမ မစေချင်ဘူးဗျ...."

"ဟုတ်ဟုတ်ကဲ့ဆရာ..."

လွန်းသာဆရာဝန်ကို ဝမ်းမြောက်ဝမ်းသာပြန်ပြောလိုက်မိသည်။

"စကားပြောကြည့်ပါလားလူနာခဗျ.....ဘေးမှာထိုင်နေတဲ့လူက ဘယ်သူလဲသိတယ်မလား...သူနာမည်လေးရွတ်ပြပါလား..."

ဆရာဝန်ကကိုကို့ဘက်လှည့်ကာ စကားပြောဖို့ တိုက်တွန်းလာသည်။ ကိုကိုကဆရာဝန်ကိုကြည့်နေရာမှ မိမိဘက်လှည့်ကာမိမိကိုစူးစိုက်ကြည့်ရင်း နူတ်ခမ်းလေးအသာအယာကွေးညွန့်သွားသည်။

ကိုကိုစကားပြောဖို့ အားယူနေဟန်ရှိသည်။လွန်းသာကိုကိုဆီက စကားသံထွက်လာဖို့သာ ဆုတောင်းနေမိသည်။ထိုစဥ်ဆရာဝန်က

"မရရင် မပြောပါနဲ့တော့.... "

"လွန်းးး...လေးး...လွန်းးး..သာ.."

လွန်းသာ မိမိပါးစပ်ကို လက်နဲ့အုတ်ကာ မျက်ရည်များဝဲတတ်လာရသည်။ ကိုကိုသည်မိမိအား မှတ်မိသည်တဲ့လား။ကိုကိုရဲ့မျက်နာလေးကို လက်ဖဝါးလေးနဲ့ ပွတ်သပ်ပေးတော့ ကိုကိုမျက်ဝန်းမှမျက်ရည်စတစ်ချို့ ကိုကိုပါးပြင်ကိုစီးကျသွားသည်။

နှစ်ရက်လောက်နေတော့ အောက်ဆီဂျင်ပိုက်ကို ချွတ်ကာ ကိုကိုအသက်ရှူလို့ရပြီဖြစ်သည်။ စကားတွေလည်း အရင်လိုပြန်ပြောလာပြီး လဲနေရာမှ နံရံကိုမှီထိုင်လာနိုင်သည်။

ကိုကို့ကို ကုတင်ပေါ်မှာ မှီထိုင်စေပြီး။ ဆန်းပြုတ်ကို တိုက်နေမိသည်။ အစာမာတွေမကျွေးချင်တာကြောင့် ဆန်ပြုတ်သာတိုက်နေမိသည်။ ဆန်ပြုတ်တိုက်နေတုံး ကိုကိုကဇ်န်းကိုင်ထားသော လွန်းသာလက်ကိုဆွဲကိုင်လာသည်။ လွန်းသာရုတ်တရက်မို့ လန့်သွားရသည်။

"ဘာဖြစ်လို့လဲကိုကို ခုမှနှစ်ဇွန်းပဲ စားရသေးတာလေ..."

"နမ်းပါအုံး..."

လူဆိုးကြီး စကားအများကြီးမပြောပေမယ့် တိုးတိုးလေးဆိုလာပြီး သူ့နူတ်ခမ်းကိုသူ့လက်လေးနဲ့ ဆက်တိုက်တို့ပြနေတော့သည်။ လွန်းသာမျက်စောင်းလေးထိုးကာ ရယ်လိုက်မိသည်။ပြီးနောက် ကိုကိုရဲ့နူတ်ခမ်းလေးကို အသာထိကပ်နမ်းလိုက်သည်။ ခနကြာတော့ ခွာပေးလိုက်သည်။ကိုကိုကတော့ ကျေနပ်စွာပြုံးနေပြီး ဆန်ပြုတ်ခွံကျွေးတာကို ပြုံးပြုံးကြီးနဲ့ ဆက်စားနေတော့သည်။

သို့....(completed)Where stories live. Discover now