part-5

4.4K 290 4
                                    

သို့......

အပိုင်း၅

နှင်းဒေဝီ

"မောင်....."

ကျွန်မသည် တိတ်ဆိတ် ငြိမ်သက်နေသော အခန်းထဲတွင် မောင်ဆိုသော နမ်းစားတစ်ခုကိုသာ ခေါ်နေမိသည်။ မောင်ဘယ်ရောက်သွားတာလဲ ကျွန်မ မသိ။ မောင်ဘာလုပ်နေတာလဲ ကျွန်မမသိ။

မောင်အိမ်ပြန်မလာတာ ရက်တော်ကြာနေပြီဖြစ်သည်။ ရဲစခန်းကို အကြောင်းကြားထားတာ​ပေမယ့်လည်း ဒီနေ့ဒီအချိန်ထိ ရဲဘက်က ဘာကိုမှ အကြောင်းမကြားလာခဲ့။ လူပျောက်ကြေညာထားပေမယ့်လည်း တစ်စုံတစ်ယောက်မှ မတွေ့ရှိကျပါ။

မောင် ကျွန်မအပေါ် အေးစက်တာကျွန်မသိသည်။ မောင်ကျွန်မကို မချစ်တာကျွန်မသိသည်။ မောင်သည် ကျွန်မကို စီးပွားရေးဆန်ဆန်ပင် လက်ထက်ယူခဲ့သူဖြစ်သည်။

ဒါကိုသိရက်ကျွန်မက မောင့်ရဲ့ လက်ထက်ထိန်းမြှားမူ့ကို ခေါင်းညိမ့်လက်ခံမိသည်။မောင်က ကျွန်မနဲ့လက်ထက်ပြီးကတည်းက အခန်းခွဲခဲ့သည်မှာ အိမ်ထောင်သက် သုံးနှစ်ယခုအချိန်ထိ လက်ဖျားနဲ့မတို့ခဲ့။

အမြဲလိုလို ကျွန်မနဲ့ တွေ့တိုင်း အေးစက်တဲ့ မောင်သာဖြစ်တည်နေသည်။ အပြင်မှာ မိန်းကလေးများနဲ့ ခြေရှုပ်နေသော မောင့်သတင်းတွေက နားနဲ့မဆံ။ အိမ်ကမိဘများရလည်း မိမိတို့စီးပွားရေးကိုသာ အာရုံထားသည်။ ပြီးနောက် လက်မထက်ခင်ကတည်း နှစ်ဖက်သဘောတူခဲ့သည်က လက်ထက်မူ့သည် ဟန်ပြဖြစ်ပြီး နှစ်ဖက်လုံးကြိုက်ရာလူနဲ့ ကြိုက်သလိုနေထိုင်နိုင်သည်ဆိုသော အချက်ကို ကျွန်မခပ်ပါ့ပေါ့တွေးခဲ့မိသည်။

မောင်က ထိုသို့ခြေရှုပ်မယ် ဆိုတာသတိထားမိပေမယ့် မိမိရဲ့ဂရုစိုက်မူ့ း့အောက် မောင်အချစ်ကို မိမိရမည်ဟု ထင်မိခဲ့သည်။ မောင့်ရဲအေးစက်မူတွေသာရလာခဲ့သည်။ မောင်ကိုမတားရဲ မတာရက် မောင့်ရဲ့ အမှန်းတရားတွေကို လက်မခံရဲ။

မောင်ဘေးမှာရှိနေဖို့သာ ကျွန်မတောင်းတမိသည်။ မြန်မာအမျိုးသမီးမို့ ဘယ်လိုဘယ်ပုံပဲ လက်ထက်ခဲ့ပါစေ အိမ်ထောင်သည်မို့ မောင့်လိုတော့ ကိုယ်ကြိုက်ရာလူနဲ့ နောက်ကွယ်မှာ မဖောက်ပြန်ရဲပါ။ မိမိကြိုက်တဲ့လူကလည်း မောင်မို့ မောင်အထိအတွေ့ကလွဲရင် ကျန်တဲ့လူကို မထိတွေ့ချင် မကိုင်တွယ်ချင်ပါ စိတ်နဲ့တောင် မပြစ်မှားလိုပါ။

သို့....(completed)Where stories live. Discover now