Part-33

2.6K 205 12
                                    

သို့......

အပိုင်း၃၃

တိမ်တိုက်

"ဒေါက်....ဒေါက်....ဒေါက်...."

"ဘယ်သူလဲဗျ....ခဏလေးနော်.... "

တိမ်တိုက် လွန်းလေးကို လွမ်းနေတာကြောင့် ဆေးရုံကပြန်ရောက်တာနဲ့ ဘီယာအနည်းငယ်ဝယ်ကာ အိမ်မှာထိုင်သောက်နေမိသည်။ သောက်နေတုံးအိမ်တံခါးလာခေါက်တာကြောင့် ကြောင်အသွားရသည်။ ခြံတံခါး မပိတ်မိတာလား ခြံတံခါးဖွင့်ပေးပြီးမှ ဝင်လာလို့ရမှာ ဖြစ်သည်။ သို့သော်လည်း တိမ်တိုက် အိမ်တံခါးမကြီးကို အသာဟကာ ဖွင့်ကြည့်လိုက်မိသည်။ သံဗန်းတစ်ဆင့်ခတ်ထားတာကြောင့် လူဆိုးသူခိုးတွေကို ကြောက်စရာတော့မရှိပါ။ တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည် မြင်ကွင်းကြောင့် ဘီယာအနည်းငယ်မူးတာတောင် ပျောက်သွားရတော့သည်။

"စီနီယာ....တူတူသောက်ရအောင်လေ တံခါးဖွင့်ပေး ....."

"အော် မင်းကဘာလုပ်တာလဲ...."

"ပျင်းလို့ သောက်ဖို့အဖော်လည်းမရှိလို့ တံခါးဖွင့်မှာဖြစ်ဖွင့်ပါဗျာ....စီနီယာကိုဓားပြတိုက်ဖို့လာတာ မဟုတ်ပါဘူးနော်...."

တိမ်တိုက်ခေါင်းကို အသာကုတ်နေမိသည်။ သူရှေ့မှာ စကားပြောနေမိသူက ဆေးရုံကဂျူနီယာလေးမင်းရတု ဖြစ်နေသည်။ ကောင်လေးက မိမိအား လိုက်နေသူဖြစ်တာကြောင့် တံခါးဖွင့်ပေးဖို့ တွေဝေနေမိသည်။

အထင်သေးတာတော့ မဟုတ်ပေမယ့် နေရခက်သလို ခံစားရသောကြောင့် ဖြစ်သည်။ လွန်းလေးကော အဲ့လိုခံစားရမှာလား ဒါပေမယ့် မိမိကတော့ မင်းရတုလို ရင်မဖွင့်ရသေးပါ။

တိမ်တိုက်တံခါးကို ဖွင့်ပေးလိုက်တာနဲ့ မင်းရတု ဘီယာဘူးတွေအမြည်းတွေပါတဲ့ အိတ်ထုတ်ကြီးအားသယ်ကာ သူ့အိမ်သူ့ရာလို ဝင်သွားတော့သည်။ တိမ်တိုက်နောက်ကနေသက်ပြင်းမွမွသာချပြီး တံခါးပြန်ပိတ်ကာ ဝင်လာလိုက်သည်။

လွမ်းပြီး ဖီးလ်အပြည့်နဲ့ နေဖို့ကို ဒီငရှုပ်လေးက ဘာလာလုပ်တာလဲမသိ။

ဆိုဖာမှာထိုင်ရင်း မင်းရတုသူယူလာတဲ့ ဘီယာဗူးတွေကို နေရာချပေးနေတော့သည်။

သို့....(completed)Where stories live. Discover now