Part-12

3K 227 2
                                    

သို့......

အပိုင်း၁၂

"လွန်းလေးရေ.....လွန်းလေး.....လွန်းလေးရေ....."

လွန်းအတိတ် အိမ်ထဲမှာ အမေ့ကိုဆေးတိုက်နေတုံး အိမ်​ခြံဝန်းထဲက ခေါ်သံကြားလိုက်ရသည်။ အမေ့ကို ဆေးတိုက်ပြီး ခနထားခဲ့ကာ အိမ်ရှေ့သို့ထွက်လာခဲ့သည်။ အိမ်ပေါက်ဝနားသို့ထွက်လာကာ အိမ်နဲ့ကွတ်ပျစ်နဲ့ ဆက်ထားသော နေရာ ​မှာထိုင်နေတဲ့ ဆရာဝန်တိမ်တိုက်ကို ​တွေ့လိုက်ရသည်။

တိမ်တိုက်အနားမှာ လွန်းအတိတ်ဝင်ထိုင်လိုက်တော့ တိမ်တိုက်မော့ကြည့်လာသည်။
ပြီးနောက်

"ကော ကိုယ်လွန်းကြီးပဲ...လွန်းလေးကောဗျ...."

"လွန်းလေးက ရွာထဲခနသွားတယ်ဆရာလေး...."

"အော်  ဟုတ်ကဲ့...."

လွန်းအတိတ် ဆရာဝန်​လေးတိမ်တိုက်ကိုကြည့်ကာ အကဲခက်လိုက်တော့ ဟိုတလောက ကိစ္စကို မေ့​နေဟန်ရှိသည် ။ မေ့လိုက်တာ ဖြစ်နိုင်သည် ။ သွားတောင်းပန်ရမယ် သွားတောင်းပန်ရမယ်နဲ့ လွန်းအတိတ် ဆရာဝန်​လေးတိမ်တိုက် ရှိရာဆေးခန်းသို့ လမ်းကြောင်းမသင့်တော့ မသွားဖြစ် ။ ခုလိုအိမ်ရောက်လာမှတော့ မထူးတော့ပါ ကိုယ်တိုင်ကသူ့ကို အထင်လွဲပြီး ထိုးမိထားတာလေ။ပြန်တောင်းပန်ရမှာ အနည်းငယ်တော့ အောက်ကျပေမယ့် ကိုယ့်အမှားကိုယ်ဝန်ခံတောင်းပန်တာက လုပ်သင့်တာပဲဖြစ်သည်။

"တောင်းပန်ပါတယ်ဆရာလေး...ဟိုတလောက ထိုးမိလို့ပါ.... "

"ရပါတယ် ကိုလွန်းကြီး နောက်တစ်နေ့လ​ွန်းလေး လာရှင်းပြသွားပါတယ်ဗျ.... ကိစ္စမရှိပါဘူးဗျာ ကျွန်တော်စိတ်ထဲမထားပါဘူး..... "

လွန်း​လေးက ဒီဆရာလေးဆေးခန်းကို ဘာလို့ခနခနသွားနေတာလဲ မသိဘူး။ ဒီဆရာလေးကို သဘောကျနေလို့များလား ။မဟုတ်လောက်ပါဘူး ။ ဟုတ်ချင်လည်းဟုတ် မှာပဲလေ ဆရာဝန်လေးက ချောတာကို ။ လွန်းအတိတ် စိတ်ထဲ မနာလိုမူ့ သိမ်ငယ်မူ့တွေရောက်ရှိလာတော့ စိတ်မကောင်းဖြစ်နေရတော့သည် ။

"ဟို ဒေါ်လေး သက်သာရဲ့လားဗျ...."

အမေအခြေအနေ မေးလာတာကြောင့် လွန်းအတိတ် ပျက်သွားတဲ့ မျက်နာကို ပြန်ပြင်လိုက်ပြီး

သို့....(completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ