Part-2

6.5K 392 14
                                    

သို့.......

အပိုင်း၂

လွန်းသာ

ထိုလူရဲ့ မျက်နာမှာ ဒဏ်ရာကြီးနက်နက်က ပါးပြင်တစ်ဖက်ကို နေရာယူနေသည်။ နူတ်ခမ်းတွေ မျက်လုံးနားတွေမှာ ညိုမဲဒဏ်ရာတွေ မြင်မကောင်းအောင် ဖြစ်နေသည်။

"ဟေ့....ဟေ့လူ....သေ...သေပြီလား...."

ထိုလူကို လှုပ်နိုးလိုက်တော့ ငြိမ်သက်နေတာကြောင့် လွန်းသာ ထိပ်လန့်သွားကာ နောက်သို့ ဆုတ်လိုက်မိသည်။

ကြောက်ကြောက်နဲ့ အနားကိုပြန်ကပ်လိုက်ကာ ထိုလူရဲ့ နှာဖျားဝဆီသို့ လက်နှစ်ချောင်းကပ်လိုက်တော့ လေဖြည်းဖြည်းချင်း တိုးနေသည်ကို သတိထားမိလိုက်သည်။

နှလုံးခုန်သံကိုလည်း နားနားကပ်ကာ ဖိပြီးနားထောင်ကြည့်တော့လည်း နှလုံးခုန်သံ နှေးနေသည်။ ထိုလူရဲ့ ဗိုက်ကိုအကြည့်ရောက်သွားတော့သည်။ ထို့လူ့ အင်္ကျီအောက်က ဗိုက်သည်  ရေများကြောင့် အနည်းငယ်ဖောင်းတင်းနေသည်။

လွန်းသာဗိုက်ကို အမြန်လှန်လိုက်တော့ ဟုတ်နေသည်။ ရေဝင်ထားတဲ့ ဗိုက်ကမို့ တင်းကာ အနည်းငယ်ဖောင်းနေသည်။ ကံကောင်းသည်က ရေသည် ဗိုက်ထဲ များများမဝင်သွားလို့​ ဖြစ်သည်။

ဒီရွာနဲ့ သိပ်မလှမ်းမကမ်းလောက်မှာ ​ေရနှစ်ခဲ့တာ ဖြစ်နိုင်သည်။

ထိုလူရဲ့ လည်ပင်းနဲ့ ခေါင်းကို​ လေပေါက် ဖြောင့်နေအောင်ပြင်ကာ မေးရိုးကို အပေါ်သို့အသာ ဆွဲမော့ထားကာ လည်ပင်းမှ ရေထွက်လွယ်အောင် အသက်ရှူလွယ်အောင် ပြင်လိုက်သည်။

ထိုလူရဲ့ ညာဘက်အခြမ်းပုခုံးနားမှာ ဒူးထောက်လိုက်ကာ ထိုလူရဲ့ ရင်ညွှန့်တည့်တည့်ကို ဘယ်လက်ပေါ်ညာလက်ထပ်ကာ ဖိတင်လိုက်သည်။

ထို့နောက် လက်ကိုဆန့်လိုက်ကာ အသက်ကယ်နည်းအတိုင်း အချက်၃၀လောက် ဆက်တိုက် အားပါပါလေး ဖိလိုက်လုပ်နေတော့ ထိုလူရဲ့ ပါးစပ်ထဲမှာ ရေများ ပါထွက်ကျလာသည်။

ပေါက်ပြဲနေပြီး သွေးစများစို့ကာ ဖြူရော့နေသော နူတ်ခမ်းကို လေမမှုတ် မသွင်းရဲ ဖြစ်နေသည်။ သို့သော် သူတစ်ပါး အသက်ကို ကယ်သင့်သည် ဖြစ်တာကြောင့် မလုပ်ရဲလုပ်ရဲနဲ့ ထိုလူပါးစပ်ကို မျက်စေ့မှိတ်၍ ငုံကာ လေမှုတ်ထည့် ပေးလိုက်သည်။ ပြီးနောက် ခုနကအတိုင်း အချက်၃၀ ရင်ဘက်ကို ပြန်ဖိပေးလိုက်သည်။

သို့....(completed)Where stories live. Discover now