Part-29

2.6K 185 2
                                    

သို့.....

အပိုင်း၂၉

Blue

ဟောတယ်ရေချိုးခန်းထဲမှာ ရေစိမ်နေရင်း Blueပြုံးရယ်နေမိသည်။ အကြောင်းကား ဟော်တယ်ကို အခုမှ ရောက်ဖူးတဲ့ လူတစ်ယောက်လို ဖြစ်နေတဲ့ ကောင်လေးရဲ့ ပုံစံကို သဘောကျလို့ဖြစ်သည်။ ဒီကောင်လေးကြောင့် Blue အကြောင်းမဲ့ ပြုံးရယ်နေမိသည်။ အကြောင်းမဲ့ ရင်ခုန်နေမိသည်။ ဒါတွေဟာဘာကြောင့်လဲဆိုတာတော့ မသိချင်တော့ပါ။

ငါဘာလို့ ဒီကောင်လေးအကြောင်းကို တွေးမိနေတာလဲ၊ သူကြောင့် ဘာလို့ပြုံးမိနေတာလဲ၊ ဘာကြောင့် ငါရင်ခုန်မိနေတာလဲ ၊ ငါ့စိတ်တွေကို ငါထိန်းချုပ်မှရမယ် ငါလုပ်ချင်တာက လက်စားချေရဖို့အတွက် မျက်နာတောင် ခွဲစိတ်ခဲ့ရတာလေ ငါဘာလို့ မဆီမဆိုင်တဲ့ စိတ်တွေကို စဥ်းစားနေရတာလဲ၊ ငါလုပ်ရမှာတစ်ခုတည်း ၊အဲ့တစ်ခုကိုပဲ ငါအာရုံစိုက်ရမယ်၊ သူတို့ကို လက်စားပြန်ချေရမယ်။ Blueသူ့စိတ်ကို သူထိန်းချုပ်နေရသည်။

အဘယ့်ကြောင့်ဆိုသော် လွန်းသာနဲ့ တွေ့တိုင်း ပြောင်းလဲသွားတဲ့ သူစိတ်က နူးညံနေလို့မဖြစ် ရန်သူတွေကို အမြဲတမ်း သနားညှာတာမူ့မရှိမှ လက်စားချေခြင်း ပြီးမြောက်မှာ ဖြစ်သည်။

ရေစိမ်နေရင်း ဖုန်းယူလာတာကြောင့် ဖုန်းကိုကြည့်နေရင်း ဖုန်းလာတာကြောင့် ကိုင်လိုက်ရသည်။ ဖုန်းသည် သူခိုင်းထားသော တပည့်တစ်ယောက်ရဲ့ဖုန်းဖြစ်တာကြောင့် သူအလျှင်စလို ကိုင်လိုက်ရခြင်းဖြစ်သည်။

"ဟယ်လို အေးအခြေအနေဘယ်လိုလဲ...."

"ဟုတ်ကဲ့ဆရာ ဖုန်းကိုတွေ့ပါပြီ....မနက်ဖန် ဘယ်ကိုပို့လိုက်ရမလဲ ဆရာ....."

လိုချင်တဲ့ အဖြေကိုရလို့ Blueမျက်နာဟာ အတောက်ပဆုံးနဲ့ အအေးစက်ဆုံး ပြုံးလာသည်။

"အေး ပုသိမ်က***ဟော်တယ်ကို လူလွှတ်ပြီးလာပ်ို့ လူမသိစေနဲ့နော်...."

"ဟုတ်ကဲ့ဆရာ...."

Blueဖုန်းချပြီးတာနဲ့ ကျေနပ်အားရလို စိတ်များဖြစ်ပေါ်လာတော့သည်။အရင်ကလူယုံသစ္စာဖောက်ကောင်းမင်း ပြောပြတဲ့ ကောင်းမင်းရဲ့အိမ်ကို လူလွှတ်ပြီး သူ့မိန်းမအလစ် သက်သေခံဖုန်းကို ရှာခိုင်းထားတာ အခုတော့တွေ့ပြီ ဖြစ်သည်။ ကောင်းမင်းကိုတော့ ဆက်ချုပ်ထားမှာ ဖြစ်မည် ချက်ချင်း မြေအောက်ခန်းထဲက နေလွှတ်ပေးလို့ မဖြစ်သေးပါ။ ကိစ္စတွေအကုန်ပြီးမှ လူကိုပါသက်သေအနေနဲ့ထားရှိရအုံးမည် ဖြစ်သည်။ကျော်ဖြိုးဝင်း မင်းထောင်နန်းစံရမှာပါ ဒါပေမယ့် ဒီတစ်မူတည်းနဲ့ဆိုရင်တော့ ဘယ်တရားပေါ့မလဲကွ ငါ့ညီရဲ့အမူ့ လာဘ်ပေးလာဘ်ယူမူ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမူ့တွေနဲ့ပါ မင်းပျော်ပျော်ကြီးနေရအောင် ငါလုပ်ပေးမှာပါကွ။ အဲ့ဒီမတိုင်ခင် သူငယ်ချင်းကို သစ္စယဖောက်ပြီး ကောက်ကျစ်တဲ့ မင်းရဲ့အစီအစဥ်တွေတောင် စနစ်တကျချခဲ့ရပြီး ငါ့ဆီက ယူသွားတဲ့ မင်းသိပ်လိုချင်နေတဲ့ နှင်းဒေဝီက ငါသာပြန်ပေါ်လာမယ်ဆိုရင် မင်းဆီမှာ ဆက်နေပေါ့မလားကွ။ ချစ်တဲ့လူကို ဆုံးရှုံးရတဲ့ ခံစားချက်ကို မင်းကိုငါပြပေးမယ့် သစ္စာဖောက်ခံရတဲ့ ခံစားချက်ကိုလည်းငါပြပေးမယ် သူငယ်ချင်း ။

သို့....(completed)Where stories live. Discover now