Part-23

2.7K 187 3
                                    

သို့.....

အပိုင်း၂၃

လွန်းသာ

လွန်းသာ ကော်ဖီဖျော်ပေးလိုက် ၊ စာရွက်တွေ ကော်ပီကူးပေးလိုက်နဲ့ ဥာနရဲ့ လိုအပ်တာမှန်သမျှကို အမောတကောလုပ်ပေးနေမိသည်။ ပထမဆုံးအနေနဲ့ မြို့ပေါ်က ကိုလူလည်တွေကို စိတ်ပျက်မိသည်။ မိမိအား အားနာပါတယ်၊ အားနာလိုက်တာဆိုတဲ့ အသုံးအနူန်းကို သုံးလျက် ဆန့်ကျင်ဘက် အားမနာတမ်း တစ်ခုပြီးတစ်ခုကို ခိုင်းနေတော့သည်။

ကိုယ့်ကိုယ်ကိုတောင် ပြန်မေးမိသည်။ ငါဒီမှာအလုပ်ဝင်တာ အိမ်တွင်းအလှဆင်တဲ့ ဝန်ထမ်းအနေနဲ့လား တောက်တိုမရ အနေနဲ့လားလို့ ဖြစ်သည်။ကိုယ့်ရဲ့ စားပွဲခုံလေးမှာ ထိုင်ရန်ရှိသေးသည် အသံတစ်ခုကထွက်ပေါ်လာသည်။

"အော် မောင်လေးလွန်းသာ မမယုကို ဒီဆိုဖာဒီဇိုင်းလေးတွေကို ပရင့်ထုတ်ပေးနော်...."

ဌာနမူးမယုကေကိုကတော့ အပြုံးချိုချိုလေးဖြင့် သူမအခန်းထဲကနေတစ်ဆင့် ဖုန်းသို့အသံဖိုင်နဲ့ အကူအညီတောင်းတော့သည်။ ကွန်ပျူတာထဲက ဆိုဖာဒီဇိုင်းတွေကို ပရင့်ပြန်ထုတ်ပေးရတော့သည်။

"ဟဲ့နင်တို့ သိပြီးပြီလား...."

"ဘာကိုလဲ.ဟ...."

လွန်းသာပရင့်ထုတ်ထားတဲ့ စာရွက်တွေကို စီနေရင်း စီနီယာ ဝန်ထမ်းအစ်မတွေရဲ့ စကားကို နားစွံနေမိသည်။

"မနက်က ငါလေ အရမ်းကို ခန့်ညှားတဲ့ နတ်သားတစ်ပါးကို မြင်လိုက်ရတယ်ဟဲ့...."

"အမလေး မိန်းမနင့်အတွက်က ယောက်ကျားထုအကုန်လုံးက နတ်သားမလား လွန်းသာလေး အင်တာဗျူးတုံးကလည်း နတ်သားလေး နတ်သားလေးနဲ့ ဖြစ်နေပြီးတော့...."

နားထောင်ရင်း မိမိကိုယ် ဘေးထားကာ မိမိအကြောင်းပြောနေသည်မို့ လွန်းသာနည်းငယ်တော့ရှက်ရွံမိသည်။ သို့ပေမယ့်လည်း ကိုယ့်ကိုချီးမွန်းရင် အနည်းနဲ့အများတော့ လူသားတိုင်းကျေနပ်ကြသည် မဟုတ်ပါလား။ ထို့ကြောင့် လွန်းသာ အနည်းငယ်ကျေနပ်ရသည်။

"ဟဲ့ နင်ကလေ ကြားသွားအုံးမယ်....ငါအတည်ပြောတာ ငါတို့ဆီကို ကုမ္ပဏီရဲ့ အမွေဆက်ခံသူလေ ဟို...Blueဆိုတဲ့ အရမ်းခန့်ညှားတဲ့ နတ်သားလေးရောက်လာတယ်ဟ ငါမြင်လိုက်ရတယ်....လုံးဝဥစ္စာပေါရုပ်ချော...."

သို့....(completed)Where stories live. Discover now