Part-22

2.7K 186 5
                                    

သို့......

အပိုင်း၂၂

Blue(ဝေလင်းစိုး)

"မဲဲဆုံးဖြတ်ချက်ကို ကြေညာပါမယ်ခဗျ...."

အစည်းအဝေးရဲ့ လုပ်ထုံးလုပ်နည်းအရ ကုမ္ပဏီရဲ့ အရေးကြီးတဲ့ နေရာတွေမှာ တာဝန်ယူထားရတဲ့ လူကြီးတွေကို မဲပေးခိုင်းရခြင်းဖြစ်သည်။ အကြောင်းမူကား Blueကို ဆက်ခံသူအဖြစ်လျာထားဖို့ သဘောတူညီချက်ရဖို့ပင် ဖြစ်သည်။ အတော်များများက မဲပေးစရာမလိုဘူးလို့ဆိုကျပေမယ့် ကျွန်တော့်အနေနဲ့ကတော့ နည်းလမ်းကျကျ ဖြစ်ချင်လို့ မဲပေးခိုင်းခြင်းဖြစ်သည်။ စိတ်မလှုပ်ရှားပေမယ့်လည်း ကျွန်တော်မဲကြေညာတာကို နားစွံထောင်နေမိသည်

"သဘောတူတဲ့မဲက ၈မဲ သဘောမတူတာက၄မဲပါခဗျ...."

ခန်းမအတွင်း လက်ခုတ်လက်ဝါး တီးသံများ ထွက်ပေါ်လာခဲ့သည်။သို့သော် Blueမျက်နာက တည်ငြိမ်နေသည်။လက်တစ်ဖက်က လေပေါ်မြှောက်လာချိန်မှာတော့ အခန်းတွင်း အသံတို့သည် တိခနဲ တိတ်ကျသွားတော့သည်။ Bluetooth Boxမှာ အသံကိုပိတ်သကဲ့သို့ တညီတည်းတိတ်ကျသွားသည်။ လက်ပိုင်ရှင်ကတော့ Blueကိုယ်တိုင်ပင် ဖြစ်သည်။ Blue လူတွေအားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး

"ဘယ်သူတွေက သဘောမတူတာလဲ မသိပေမယ့် ခဗျားတို့အားလုံး သဘောတူလာအောင် ကျွန်တော်ကြိုးစားပေါ့မယ်....အစည်းဝေးပြီးပါပြီ....."

အားလုံးကနူတ်ဆက်ပြီး ထွက်သွားကျသည်။ ဟိုမိန်းကလေးတစ်ယောက်သာ ကျန်တော့တာကြောင့် Blue ထိုမိန်းကလေးအနားကို သွားလိုက်သည်။ ထိုမိန်းကလေးက Blueအားပြုံးပြကာ

"ဂုဏ်ယူပါတယ် ကိုယ်စားလှယ်ကြီး...."

"အင်း....ရင်ထဲကလာတဲ့ ဂုဏ်ပြုမူ့လားခဗျ...."

ထိုမိန်းကလေးသည် ခပ်ဟော့ဟော့ဝတ်စားဆင်ယင်မူ့တော့ရှိသည်။ Blueစကားကြောင့် မျက်နာပျက်သွားပေမယ့် ပြန်တည်လိုက်ကာ Blueအား ပြုံးပြရင်း

"ဟုတ်ကဲ့ နှလုံးသားထဲကပေါ့...."

ရစ်မူးနေတဲ့ မျက်ဝန်းတောက်တောက်တွေနဲ့ ထိုမိန်းကလေးကဆိုလာသည်။ ထိုမိန်းကလေးနာမည်ကတော့ ယုကေကို ဇင်းကုမ္ပဏီရဲ့ သူလျိုတစ်ယောက်ဖြစ်သည်။ နမြှော်စရာကောင်းသည်က သူမရဲ့အကြည့်တို့က Blueအပေါ်မှာ သက်ရောက်မူ့ရှိမနေပါ။

သို့....(completed)Tempat cerita menjadi hidup. Temukan sekarang