Part-17

2.7K 198 3
                                    

သို့.....

အပိုင်း၁၇

လွန်းအတိတ်

ရေထဲ မှာ နစ်မြုတ်နေတဲ့ ကျွန်တော်။ ဘေးပတ်ပတ်လည်ဟာ ရေများပြည့်နှက်နေသည်။ အေးတယ် ဒီနေရာက ကျွန်တော့ကို ပိုပိုပြီး အေးလာသည်စေသည်။ရေထဲက ကျွန်တော်ဟာ ရေပြင်ပေါ်က တဖြည်းဖြည်းမြောက်တတ်သွားသည်။ ကျွန်တော့်ကိုယ်သည် ကျွန်တော်မခိုင်းပဲ တရိပ်ရိပ်နဲ့ ဆွဲခေါ်ခြင်းခံနေရသည်။

ဗွမ်းဆိုတဲ့ အသံကြီး နောက်မှာ ကျွန်တော့်ကိုယ်ဟာလေပေါ်​မြောက်တတ်သွားကာ သင်္ဘာကြီးရဲ့ ဘေးနံရံနဲ့ပြစ်တိုက်ကာ သင်္ဘာပေါ် ရောက်ရှိသွားသည်။(ဝေလင်းစိုး အဖြစ်လုပ်ကြံခံရတဲ့ အချိန်ကို ပြန်မှတ်မိလာတာပါ။ အဲ့ဒါကို နောက်ပြန်ရစ်တဲ့ ပုံစံနဲ့ ပြန်မှတ််မိလာရတာကို ဆိုလိုတာပါ။)

ကျော်ဖြိုးဝင်းနဲ့ကျွန်တော်နဲ့ စကားတွေပြောနေတာတွေကို ပြန်မြင်ယောင်လာစေသည်။ ထိုစဥ်နားထဲ တိုးဝင်လာတဲ့ အသံတစ်ခုက "ကိုကို"ဆိုသော အသံလေးတစ်ခုဖြစ်သည်။ ဘာတွေလဲ ကျွန်တော့်ကို ဘယ်သူခေါ်နေတာလဲ ကျွန်တော့်ကို ကိုကိုလို့ခေါ်ဖူးတာ ဆုံးပါးသွားတဲ့ ကျွန်တော့်ညီလေး လွန်းဇွဲကလွဲ လို့်ဘယ်သူရှိသေးလို့လဲ။ ခုခေါ်သံက လွန်ဇွဲအသံမဟုတ်ပါ။ အသံကိုရင်းနှီးနေပေမယ့် အသံပိုင်ရှင်ကို မမှန်းဆနိုင် ဖြစ်နေရသည်။

ခေါင်းတွေ တဆစ်ဆစ်နဲ့ ကိုက်ခဲလာတာက တဖြည်းဖြည်းပြင်းထန်လာသည်။ အမြင်အာရုံတွေဝေဝါးလာသည်။ မျက်လုံးတွေကို အတင်းမှိတ်ပြီး ဖြည်းဖြည်းချင်းပြန်ဖွင့်လိုက် ချိန်မှာတော့ ဝေဝေဝါးဝါးနဲ့ မြင်နေရတဲ့ အဖြူရောင် နေရာတစ်ခု။ တဖြည်းဖြည်းပုံပေါ်လာသည်။ ဒါဟာအဖြူရောင် နံရံတစ်ခုဖြစ်သည်။ ကျွန်တော် ခန္ဓာကိုယ်ကို လှုပ်ဖို့ပြင်လိုက်ပေမယ့် ခေါင်းက နာကျင်လာတာကြောင့် ခေါင်းကို လက်နဲ့ဖိကိုင်လိုက်ရသည်။

"အားးး...ခေါင်းကိုက်လိုက်တာ...."

ပြီးမှ လက်ကို သတိမူမိသည်။ ကျွန်တော့်လက်မှ ဆေးပိုက်တွေ တပ်ထားသည်။ ကျွန်တော်ဆေးရုံရောက်နေတာလား။ ရေနစ်ပြီး ဆေးရုံပေါ်ရောက်နေတာလား။
ဝေလင်းစိုး ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကည့်နေလိုက်တော့ အခန်းတစ်ခုထဲမှာပဲ ဆေးရုံတော့မဟုတ်လောက် အခန်းအပြင်အဆင်တွေက ဆေးရုံနဲ့ မတူ။

သို့....(completed)Kde žijí příběhy. Začni objevovat