Part-1

16.6K 548 9
                                    

သို့

အပိုင်း၁

အမည်းရောင်ကုန်သဘေင်္ာကြီးပေါ်တွင် လူတစ်စုသည် မှောင်ခိုပစ္စည်းများကို ကူးသန်းသယ်ယူနေကျသည်။

လူတစ်ဦးသည် သဘေင်္ာပေါ်မှ တစ်ဆင့် မြစ်ရေပြင်ကို ငေးကြည့်နေသည်။ နက်မှောင်သော ဆံသားတို့မှာ နောက်လှန်တင်ထားတာကြောင့် ယောက်ကျားပီသသော နာဖူးမောက်မောက်က အထင်းသားဖြစ်နေသည်။ ဖြူစွတ်စွတ် နဖူးပြင်ရဲ့ အောက်နားမှာ နက်မှောင်သော မျက်ခုံးထူထူနှစ်ခုက တည်ကြည်သော အသွင်တစ်ခုကို အရောက်ပို့နေသည်။ မျက်ခုံးတို့ရဲ့ အောက်ဖက်မှာ စူးရှထက်မြက်လှသော စွန်ရဲသဖွယ် မျက်ဝန်းတစ်စုံက ရေပြင်ကို မမှိတ်မသုံ စိုက်ကြည့်နေသည်။ နှာတံဖြောင့်ဖြောင့်ထင်းထင်းက မျက်နာရဲ့ ယောက်ကျားအပီသဆုံးနဲ့ အထင်ရှားဆုံး အစိတ်အပိုင်းဖြစ်နေသည်။ တင်းတင်းစေ့စေ့ထားတဲ့ ခပ်ပါးပါးနှုတ်ခမ်းတစ်စုံဟာ နီညိုရောင်သန်းနေသည်။ လေးထောင့်ဆက်ဆက်မျက်နာထားသည် ထိုလူအား ခန့်ညားပြီးရင်း ခန့်ညားနေတော့သည်။

ရှည်လျားသော အရပ်အမောင်းပေါ်တွင် အနက်ရောင် အနောက်တိုင်းဝတ်စုံကို အပြည့်ဝတ်ဆင်ထားသည်။

ဝေလင်းစိုး

သဘေင်္ာ ပေါ်မှာ လိုက်လာရင်း လှိုင်းထနေသော မြစ်ရေပြင်ကြီးကို စိုက်ကြည့်နေမိသည်။ မိမိရဲ့ဘဝသည် လှိုင်းလုံးသဖွယ် အနိမ့်အမြင့် အတတ်အကျများခဲ့သည်မှာ ယခုအချိန်ထိပင်ဖြစ်သည်။ ကြမ်းတမ်းခဲ့သည်ဟုဆိုရလေမလား။

မြစ်ရေပြင်ကို ပွတ်တိုက်တိုးဝှေ့လာသော လေပြေသည် ကျွန်တော်၏နာခေါင်းဝသို့ ကျီစယ်သွားက သည်။ မြစ်ရေရနံကို ရလိုက်ပြီး အေးစက်သော ခံစားမှု့က ကျ်န်တော်မျက်နာကို ပွတ်ဝဲသွားသည်။လေပူတစ်ချက်ကို ကျွန်တော်ကိုယ်တွင်းမှတစ်ဆင့် အပြင်သို့မှုတ်ထုတ်လိုက်မိသည်။

"ဆရာ....ပြီးပါပြီ အထဲလိုက်ခဲ့လို့ရပြီဆရာ....."

"Ok..."

နောက်မှခေါ်သံကြောင့် ကြည့်လိုက်တော့ မိမိရဲ့နောက်လိုက်ဖြစ်နေသည်။ သူပြောတာကိုသဘောတူစွာ ခေါင်းညိမ့်ပြလိုက်သည်။
ဝေလင်းစိုး သက်ပြင်းကို ခပ်ငွေ့ငွေ့ထပ်မံချလိုက်သည်။ မိမိ သွားဖို့မလိုပေမယ့် ဦးမင်းသုဒီပရဲ့ စေခိုင်းချက်ကြောင့် မလွဲမသွေ ရောက်ရှိနေခြင်း ဖြစ်သည်။

သို့....(completed)Where stories live. Discover now