Part-35

2.8K 194 4
                                    

သို့.....

အပိုင်း၃၅

Blue

Blue နယ်ကပြန်ရောက်ပြီးကတည်း အလုပ်ကိုမသွားဖြစ်တာ သုံးရက်ရှိနေပြီးဖြစ်သည်။ ကျော်ဖြိုးဝင်းရဲ့ ဘိမ်းသိုလှောင်ရုံတွေထဲက မိမိဝေလင်းစိုးဘဝက သိခဲ့ဖူးသော သိုလှောင်ရုံတွေကို ရဲအား လျိုဝုက်စွာ သတင်းပေးလိုက်တာ။ မနက်ကဖမ်းမိသွားသည်။ သိုလှောင်ရုံသုံးရုံ ထိန်းသိမ်းခံလိုက်ရပြီး လူပေါင်း၂၀၀ ကျော်ဖမ်းဆီးရမိသွားသည်။ ခုချိန်လောက်ဆိုရင် ကျော်ဖြိုးဝင်းတစ်ယောက် ဆွ့ဆွ့ခုန်နေတော့မည့် အဖြစ်ကို Blueတွေးတောမိရင်း ကျေနပ်နေမိသည်။

သိုလှောင်ရုံ၈ရုံကို ရဲကိုတိုင်တာ ၃ရုံပဲမိတယ်ကျန်တာတွေက အခွံသက်သက်ဆိုတော့ ကျော်ဖြိုးဝင်းသည် ၅နှစ်အတွင်းစာကျက်မြေတွေကို ပြောင်းလဲခဲ့ပုံရသည်။ ကျော်ဖြိုးဝင်းဟာ လူလည်တစ်ယောက်မို့ Blueခပ်ပေါ့ပေါ့တွေးဆနေလို့မရပါ။

ဒါပေမယ့်လည်း ဒီလိုအချိန်မှာ သိုလှောင်ရုံ၃ရုံပါသွားသည်မို့ သူတို့အချင်းချင်းကတော့ စိတ်ဝမ်းကွဲဖို့ အစဦးဖြစ်လာတော့မည် ဖြစ်သည်။ နွားကွဲရင် ကျားဆွဲမယ် ဆိုတဲ့အတိုင်း ကျားကြီးတစ်ကောင်လို သတိနဲ့ရန်သူကိုအကွယ်ကနေ Blueဟာ အမြင်စူးရှစွာနဲ့ စောင့်ကြည့်နေရသည်။

လွန်းသာဆိုတဲ့ကောင်လေးနဲ့လည်း နယ်ကပြန်လာပြီးကတည်းက မတွေ့ဖြစ်သေးပါ။ ကောင်လေးရဲ့ရယ်နေတဲ့ပုံရိပ်တွေ မိမိရဲ့တောက်ပအပြုံးတွေနဲ့ လှပတဲ့အမှတ်တရတွေက သုံးရက်အတွင်း ညတိုင်းအိမ်မက်အဖြစ် မျက်လုံးမှိတ်လိုက်တိုင်း မြင်ယောင်နေရသည်။ ထိုကြောင့်မို့ ခေါင်းကိုက်ခြင်းဝေသနာကလည်း အိမ်မက်ကနိုးတိုင်း ဆေးသောက်ရသည်အထိ ဆိုးရွားလာသည်။

ဆရာဝန်ကို ပြတော့ ကြီးမားတဲ့ ရောဂါလိုမဟုတ်ပေမယ့် စိတ်ကြောင့်ဖြစ်တဲ့ ဝေသာနာလို ဖြစ်နိုင်သည်ဟု မှတ်ချက်ချခံလိုက်ရသည်။ ရှူးနေတယ်ဆိုတဲ့ သုံးသပ်ချက်ကတော့ Blueအတွက်ဟာသတစ်ခုလိုပင် ဖြစ်သည်။

ရှူးတာမျိုးမဟုတ်ပဲ စိတ်ရဲ့ဆိုးရွားလှတဲ့ အမှတ်တရတစ်ခုကို စိတ်ရဲ့အနက်ရှိုင်းဆုံးနဲ့ အနက်နဲဆုံးနေရာမှာ ဝင်ရောက်ကပ်ငြိနေသည်မို့ တကယ်နာကျင်တာမဟုတ်ပဲ စိတ်ကလွတ်နေတဲ့အချိန်တွေဆို စိတ်မတည်ငြိမ်တဲ့အချိန်တွေမှာဆိုရင် ရောဂါလက္ခာဟာ ထင်ရှားစွာပြလေ့ရှိသည်။

သို့....(completed)Where stories live. Discover now