Part-11

3.3K 228 2
                                    

သို့......

အပိုင်း၁၁

"ဟို....ဟိုလေ...."

လွန်းသာ ဘာပြောလို့ပြောရမှန်းမသိတော့ လောက်အောင်ဖြစ်နေမိသည်။ အကိုသည် မနေ့ညနေက ပြောခဲ့တဲ့ သူ့စကားကို သူမှတ်မိဟန်မရှိ။

"ဘာကိုဟိုလဲလွန်းလေးရဲ့...."

လွန်းသာ မိမိအား အရပ်ရှည်ရှည်နဲ့ ငုံကြည့်နေတဲ့ အကို့အား ရှက်ရွံနေမိသည်။ လွန်းအတိတ်ကတော့ ကြောင်တောင်တောင်လေးနဲ့ကြည့်နေတော့သည်။

"ဟိုလေ... အဲ့ဒါက...."

တဟိုဟိုလုပ်နေတဲ့ လွန်းသာကို လွန်းအတိတ် စိုက်သာကြည့်နေမိသည်။ ဘာကို ပြောမထွက်ရဲလို့ တဟိုဟိုဖြစ်နေတာလဲဆိုတာ လွန်းအတိတ် စိတ်ပူမိသည်။

"ဘာပြောမိလို့ ကိုကို မနေ့ကညနေက လွန်းလေးအပေါ် အန်ချလိုက်မိလို့လား.....
ဒါမှမဟုတ် ဆဲ....ဆဲမိလို့လား....."

တကိုကိုနဲ့ သူ့ကိုယ်သူ နာမ်စားသုံးနေတဲ့ အကိုကို ကြည့်ကာ လွန်းသာ ပြုံးမိသည်။ လွန်းသာ အဲ့လိုကိုကိုလို့ သုံးတာကို သဘောကျမိသည်။မိမိကိုယ်ပေါ် အန်ချလိုက်မိပြီ မိမိကို ဆဲဆိုမိပြီး အထင်နဲ့ စိုစရိမ်တကြီး ဖြစ်နေတဲ့ အကို့ဟာ ရိုးဖြောင့်လွန်းလှသည်။

"မဟုတ်ပါဘူး....ဟို....လယ်ထဲ လိုက်မယ်လို့ ပြောလို့ပါ...."

လယ်ထဲလိုက်မယ်လို့ဆိုတဲ့ အသံကြားမှ လွန်းအတိတ် သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်။ မိမိတန်ဖိုးထား မြတ်နိုးရသော ထိုလူသားလေးကို မိမိစော်ကားစွာ ပြောဆိုမှာ ကြောက်မိနေခြင်းကြောင့်ဖြစ်သည်။

"တော်သေးတာပေါ့ ဒါဆိုလွန်းလေးကကော ကိုကို့ကို ခေါ်မှာလား...."

"အင်း ကျုပ်ကခေါ်မှာပေါ့ဗျ...."

လွန်းသာ မလိမ်ချငိပေမယ့်လည်း လိမ်လိုက်မိသည်။ တစ်ခါတစ်လေ မူသားဖြူသည် သုံးတတ်ရသည်။မိမိကို ရည်စားစကားပြောခဲ့တာကို ကာယကံရှင်ဖြစ်တဲ့ အကို ကိုယ်တိုင်က မမှတ်တော့ အပြောခံရတဲ့ မိမိသည် ဘယ်လိုများ ပြောထွက်ပါလိမ့်မလဲ။

ရှက်မိသည်။ ပြောဖို့ အရမ်းရှက်ရွံနေမိခြင်းကြောင့်ဖြစ်သည်။

သို့....(completed)Where stories live. Discover now