နှင်းဒေဝီကတော့ သူမပါးစပ်သူမအသံမထွက်အောင် လက်ဖြင့်ပိတ်ထားသည်။ အရှေ့က လူကိုကြည့်ရင်း သူမနဖူးမှာ ချွေးတွေပျံနေကာ လက်တွေတောင်တုံရင်နေသည်။ ပြီးမှမနည်းအသံကိုထိန်းကာ

"ရှင်.....ဘာတွေသယ်လာခိုင်းထားတာလဲ....လူသေအလောင်း လား....."

နှင်းဒေသီရဲ့ အရည်ကြည်တွေဝေ့နေတဲ့ မျက်ဝန်းကို ကျော်ဖြိုးဝင်းစိုက်ကြည့်နေမိသည်။ တုံရင်နေတဲ့အသံက သူနားထဲနားထောင်လို့ကောင်းနေသည်။

"မသေပါဘူး အလောင်းမဖြစ်သေးပါဘူးကွ....သတ်ဖို့လည်းစိတ်ကူးမရှိဘူး....ဒါပေမယ့်ပစ္စည်းတစ်ခုနဲ့အလှဲအလှယ်လုပ်ဖို့ ဖမ်းထားရုံပါ...."

"ဖမ်း....ဖမ်းထားရုံ...ဟုတ်လား...ဒီလောက်သွေးတွေနဲ့ ပေလူးနေတာလေ သေမလိုဖြစ်​နေတာကိုလေ...."

"ဟားးးးးး.....နှင်းရယ်စိုးရိမ်စိတ်ကြီးလိုက်တာ အဲ့ကောင်ကမင်းယောက်ကျားမဟုတ်ပါဘူးကွ...."

ကျော်ဖြိုးဝင်း အသံရယ်ကြီးဖြင့်ရယ်ပြီးနောက် လဲနေတဲ့လူအနားသွားကာ ခေါင်းမှာအုတ်ထားတဲ့ အမဲရောင်ပိတ်စကို ဖယ်လိုက်သည်။ ဖူးယောင်နေတဲ့ မျက်နာနဒ့လူကမေ့မျောနေဟန်ရှိသည်။ နဖူးနားမှာလည်း သွေးစတွေခဲခြောက်နေသေးသည်။
ထိုလူကတော့ B2ဖြစ်သည်။ B2ကို ကျော်ဖြိုးဝင်း သေချာစိုက်ကြည့်နေတုံး တပည့်တစ်ယောက်က သူ့အနားလာကာ အိတ်တစ်ခုကို ကမ်းပေးလာသည်။ ပြီးနောက်တပည့်ဖြစ်သူမှ

"ဒီအိတ်ထဲမှာ ဒီလူနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေအကုန်ပါပါတယ် ဆရာ...."

ကျော်ဖြိုးဝင်း ဘာမှမပြောပဲ အိတ်ကိုယူကာ B2 လဲကျနေတဲ့ ကြမ်းပြင်ပေါ် သွန်မှောက်လိုက်တော့သည်။

ဖုန်း၊ပိုက်ဆံအိတ်အပြင် ဓာတ်ပုံတစ်ပုံနဲ့ စာတစ်စောင် ထွက်ကျလာသည်။ ဖုန်းကိုဖွင့်ကြည့်တော့ လော့မပိတ်ထားတာကြောင့် ဖုန်း contact ကိုဝင်ရှာရင်း Blueဆိုတဲ့ နာမည်တွေတာကြောင့် ဒီကောင်ဟာ ဘယ်သူ့ဆီကလူလဲ ကျော်ဖြိုးဝင်းရိပ်မိလိုက်သည်။ ဖုန်းကိုခနပိတ်ကာ မှောက်ရပ်ဖြစ်နေတဲ့ ဓာတ်ပုံကို ဆွဲယူကာလှန်ကြည့်လိုက်တော့သည်။ ထိုအခါမှ ဒီကောင်ဟာယုကေကိုတိုက်ခန်းကို ဘာကြောင့်လာလဲ နားလည်လိုက်တော့သည်။ ဓာတ်ပုံကို သူယုကေကိုနဲ့ အတူနေတုံး မြင်ဖူးသည်။ ယုကေကို ပြောပြသလောက် ပုံကသူအကိုရယ်သူရယ် သူ့အမေရယ်ပုံဖြစ်နေတာကြောင့် ဒီလိုပုံကို ဒီကောင်ကဘာလို့သိမ်းထားလဲ သိပ်ရှည်ရှည်ဝေးဝေး သူစဥ်းစားစရာမလိုတော့ပါ။

သို့....(completed)Where stories live. Discover now