"ပြောပြ ကိုကိုဘာတွေလုပ်နေလဲဆိုတာ..."

"ဘာကိုလဲလွန်းလေး...."

လွန်းသာမျက်မှောင်ကျုံလိုက်မိသည်။ လွန်းသာသိတယ် ကိုက်ို့မှာ ပြသာနာကြီးကြီးမားမား ရှိကိုရှိနေတယ်။ လွန်းသာကိုပြောမပြတဲ့ လျိုဝုက်ချက်ကြီးကြီးမားမား ရှိကိုရှိနေတယ်။

"ပြောပြပါ ကိုကိုရဲ့လျိုဝုက်ချက်...ဟိုတစ်ခါကလည်း လူတစ်ယောက်ကို အခန်းထဲပိတ်ထားဆိုပြိးခိုင်းနေတာ ကြားလိုက်ရတယ်....ပြီးတော့ လွန်းတို့အကြောင်းကို တစ်ယောက်ယောက်က တမင်တကာ ဖြန့်လိုက်တာမလား....ပြီးတော့ လွန်းတို့ဧရာဝတီဘက်ကိုသွားတုံးက ဘာလို့လူဆိုးတွေလိုက်လာရတာလဲ....ပြီးတော့အဲ့လူတွေက မူးယစ်ဆေးဝါးရောင်းတဲ့လူတွေဆို....ပြောပြပါကိုကို ကိုကိုဘာတွေလုပ်နေတာလဲ ကိုကိုဘယ်လောက်အန္တရာယ်ရှိလဲဆိုတာ....."

လွန်းသာရဲ့လက်လေးကို ကိုကိုလက်နှစ်ဖက်က ဆုတ်ကိုင်လာသည်။ ပြီးနောက်ကိုကိုသည်ခပ်ဖွဖွပြုံးရင်း

"ကိုကို့ကို ယုံပါကိုကိုမဟုတ်တာဘာမှမလုပ်ပါဘူး...."

"လွန်း ကိုကို့ကိုယုံတယ် ....ဒါပေမယ့် ကိုကိုဘာတွေလုပ်နေတာလဲ လွန်းသိချင်တယ်....လွန်း...နောက်တစ်ချိန်ကိုကို့ကို မဆုံးရှုံးချင်တော့ဘူးကိုကို...."

လွန်းရဲ့စကားအဆုံး လွန်းရဲ့ကိုယ်လေးသည် ကိုကိုရင်ခွင်ထဲ ရောက်ရှိသွားသည်။ လွန်းိတ်ဆိုးစွာ ရုန်းနေပေမယ့် ကိုကိုကပိုလို့တောင် တင်းကျပ်စွာ ဖတ်တွယ်လာသည်။ လွန်းသာစိတ်ဆိုးသည် ကိုကိုနဲ့ပတ်သတ်သမျှ ဘာမှကိုမသိရလို့ဖြစ်သည်။ ကိုကိုဘာတွေလုပ်နေတာလဲ၊ ကိုကိုလုပ်နေတာတွေက ဘာအတွက်လဲ၊ ဘယ်လောက်အန္တရာယ်များလည်း လွန်းသာသိရမှဖြစ်မည်။ ကိုကိုအနားမှာနေရင်း ရင်လေးနေမိသည်။ တစ်ခုခုကြောင့် စိတ်ထဲလေးလံနေရသည်။

"စိတ်ချပါ ကိုကိုလွန်းလေးအနားက နောက်တစ်ကြိမ်ထွက်မသွားပါဘူး....အကယ်၍ထွက်သွားခဲ့ရရင်လည်း စောင့်နေပေးပါ ကိုကိုပြန်လာမှာပါ ကိုကိုလွန်းလေးရှိတဲ့ နေရာကို မရောက်ရောက်အောင်ပြန်လာမှာပါ....."

သို့....(completed)Tempat cerita menjadi hidup. Temukan sekarang