အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)

Start from the beginning
                                    

"ညီအရင်းခေါက်ခေါက်ဆီကနေ အစီအစဥ်တကျ အကွက်ချပြီး သစ္စာဖောက်ခံလိုက်ရမှတော့ ဘယ်သူမဆို တော်တော်လေး ရှက်သွားမှာပဲ။ ကြည့်ရတာ ချူရှိန့်က ကျွန်တော်တို့ယူဆထားတာထက် ခြေလှမ်းပိုသွက်နေတယ်"

"သွားကြစို့၊ စာကြည့်ဆောင်အရင်ပြန်ရောက်ပြီးမှ ဆက်ပြောကြရအောင်"

"အဟမ်း !!!! "

ယဲ့ကျင်က ချောင်းဟန့်လိုက်သည်။ ခုထက်ထိ တစ်ယောက်ကိုတစ်ယောက် လွှတ်မပေးကြသေးသော ထိုသူနှစ်ယောက်၏ လက်များဆီ ယဲ့ကျင်၏အကြည့်စူးစူးများ ကျရောက်လာ၏။

ချူယွမ်က လက်ကို ပြန်ရုန်းမည်အပြု ၊ သွမ့်ပိုင်ယွဲ့က ပို၍ပင် ခိုင်မြဲစွာ ဖမ်းဆုပ်ထားလိုက်၏။ ထို့နောက် ခပ်တည်တည်ဖြင့်သာ ရှေ့မှ ဦးဆောင်ဆွဲခေါ်သွား၏။

ယဲ့ကျင်လည်း ဒေါသတကြီးနှင့် သူတို့နောက်သို့ ချက်ချင်းပင်လိုက်ပါသွားသည်။ သွမ့်ယောင်သည်လည်း အမြန်ပင် လိုက်သွားရတော့၏။ သို့မဟုတ်ပါက အချစ်ရဆုံးနောင်တော်ကြီး ညှဥ်းပန်းနှိပ်စက်ခံရတော့မည်လေ။

အစတုန်းကတော့ ဉယျာဥ်တော်ထဲ လမ်းသွားလျှောက်ကြပြီးလျှင် အနားယူရန် ပြန်သွားလိမ့်မည်ဟု ရှစ်ဇီ ထင်ထားခဲ့သည်၊ ယခုလိုမျိုး စာကြည့်ဆောင်သို့ ပြန်ရောက်လာကြမည်ဟု ထင်မထားခဲ့။ ထို့ကြောင့် ရှစ်ဇီခမျာ သက်ပြင်းမချဘဲမနေနိုင်တော့။

ပြဿနာများက တစ်ခုပြီးတစ်ခု လှိမ့်ဝင်လာနေသည်၊ နောက်မကြာခင်မှာလည်း စစ်တိုက်ရန် ကြေညာကြတော့မည်။

ဘုရားသိကြားမ ,လို့ ၊ ဒို့ရဲ့အရှင်မင်းမြတ်လေး ပင်ပန်းတဲ့ဒဏ်ကြောင့် အိပ်ရာထဲ လှဲမသွားပါစေနဲ့။

ရှီးနန်ဝမ်ရော၊ မင်းသား(၉)ရော ဘယ်သူကမှ အရှင်မင်းမြတ်ကို လိုက်မတားကြတော့ဘူးလား။

******

"အရင်ဦးဆုံး သဘောတူညီချက်တစ်ခု ယူကြမယ်။ ဒီစာကြည့်ဆောင်ထဲ အလွန်ဆုံးတစ်နာရီပဲနေရမယ်၊ တစ်နာရီပြည့်ပြီးသွားတာနဲ့ ဘယ်လိုကောက်ချက်မျိုးပဲချချ ဘယ်လိုအဖြေပဲထွက်ထွက် ပြန်အနားယူရမယ်၊ သိပြီဟုတ်?"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now