အခန်း - ၁၁၆ (တွေ့ဆုံခြင်း)

Beginne am Anfang
                                    

ချူယွမ့်မျက်ဝန်းများထဲ ချစ်ခင်မြတ်နိုးခြင်း၊ လွမ်းဆွတ်တမ်းတခြင်းများ ပြည့်ရွှမ်းနေလျက်။ မည်းနက်သောဆံနွယ်များက စွတ်စိုနေဆဲဖြစ်ကာ ခေါင်းအုံးဘေးနား ဖြန့်ကျက်နေသည်။ သလွန်ထက်ဝယ် ဆေးနံ့တစ်မျိုး သင်းပျံ့နေလို့။

သွမ့်ပိုင်ယွဲ့က ချူယွမ်လည်တိုင်အား မက်မောစွာနမ်းရှိုက်နေ၏။ ခဏအကြာ ထိုနှုတ်ခမ်းလွှာများဖြင့်ပင် ချောမွတ်ဖြူဝင်းသော အသားအရည်ထက် အမှတ်သညာ ထိန်ချန်ခဲ့လေရာ အောက်တွင်ရှိသောလူသားအား တုန်ယင်လှိုက်မောစေ၏။ တိုးဝှေ့လာခြင်းတစ်ခါ၊ ဆုတ်ခွာသွားခြင်းတစ်လှည့် ဝင်ထွက်နေသမျှ လှုပ်ရှားမှုတိုင်းက နက်ရှိုင်းလှသော မွတ်သိပ်တောင့်တခြင်းများကို ပို၍အရှိန်တိုးစေလျက်။ တိမ်သလ္လာမှ မိုးသည်းထန်စွာ ရွာချလိုက်သလို အချစ်လှိုင်းများ ကလည်း သွင်ပြောင်းရိုက်ခတ်နေပေ၏။

*****

ရှစ်ဇီလည်း အကျီလက်အိတ်ထဲ လက်အသာထည့်ကာ မိမိအခန်းသို့ ပြန်သွားလိုက်၏။

မနက်ဖြန်ကျရင်ကော အရှင်မင်းမြတ်က ညီလာခံတက်ဦးမလားမသိ။

မနက်စောစော တစ်ချက်တော့ ထလာကြည့်လိုက်ပါမယ်လေ။

****

သန်းခေါင်ယံကျော်သွားတော့ အပြင်ဘက်တွင် မိုးသက်လေပြင်းများ သည်းထန်စွာ ရွာသွန်းလာ၏။

ချူယွမ်၏ ဖြူဖျော့တိုးလျနေသော နှုတ်ခမ်းလွှာများကို သွမ့်ပိုင်ယွဲ့ငုံ့နမ်းလိုက်ရင်း မေးလာသည်။

"နာနေသေးလား"

ချူယွမ်မျက်နှာ အနည်းငယ်ရှုံ့မဲ့နေလို့။ ဘာစကားမှမပြောချင်သည့်နှယ် တစ်ဖက်သို့ ရှောင်လွှဲသွား၏။ သို့သော် နားရွက်များကတော့ နီစွေးနေလျက်။

သွမ့်ပိုင်ယွဲ့ တိုးလျစွာ ရယ်မောမိသည်။

ဒီလူသားလေးကို ကြည့်လေလေ ၊ သူ့မှာ အကြင်နာတွေ ပိုရလေဖြစ်သည်။ ယခုလိုမျိုး ရွှေစိတ်တော်လေး ငြိုငြင်လာလျှင် ပိုလို့ပင် သဘောကျသေး။

ထို့နောက် ဘယ်ဘက်လက်ဖြင့် ချူယွမ်၏ခါးကို လိုက်နှိပ်ပေးနေကာ အနားသို့ပိုတိုးပြီး ချစ်စကားများကို တဖွဖွပြောပြနှစ်သိမ့်လာ၏။ ချူယွမ်မှာ သွမ့်ပိုင်ယွဲ့ပြုသမျှတစ်ချိန်လုံး ခံယူလာရသဖြင့် တစ်ဖက်က ယစ်မူးမွေ့လျော်နေသလို တစ်ဖက်ကလည်းအတော်လေး ငိုက်မြည်းနေပြီဖြစ်သည်။ သို့သော် သွမ့်ပိုင်ယွဲ့ကိုလည်း စိတ်မဆိုးရက်သဖြင့် ထိုသူကို ရှောင်သာရှောင်နေလိုက်၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Wo Geschichten leben. Entdecke jetzt