မင်းရတုလှည့်လာမှ တိမ်တိုက် သူစပ်စုတယ် ထင်မှာစိုးတာကြောင့် မင်းရတုကိုအကြည့်လွဲလိုက်ပြီး

"ငါ.....ငါက ဆေးလိပ်လာသောက်တာပါ...အသံကြားလို့လာကြည့်တာ စပ်စုတာမဟုတ်ဘူးနော်...."

"ရပါတယ်...."

တိမ်တိုက်သူပြောတာကို ရပါတယ်ပြောကာ ထွက်သွားတဲ့မင်းရတုကြောင့် ကြောင်အသွားရသည်။ ဘာလဲဟ ငါ့ဘက်ကစကားစပြောတာတောင် သူဘာဖြစ်နေတာလဲ။တိမ်တိုက် မင်းရတုလက်ကို အမြန်ဆွဲကာ တားလိုက်တာကြောင့် မင်းရတုရပ်တန့်သွားပြီး တိမ်တိုက်ကိုလှည့်ကြည့်လာသည်။

"မင်းဘာဖြစ်နေတာလဲ...ဘာလို့ငါ့ကိုရှောင်နေတာလဲ အရင်က ငါ့...ငါ့အနားအရမ်း ကပ်...ကပ်တယ်လေ...."

"အရမ်းကပ်တယ်..  ဟက်....မှန်ပါတယ်အရမ်းကပ်တယ်....အခုမကပ်တော့ပါဘူး ခဗျားလည်း ကျွန်တော်အဲ့လိုတောက်တဲ့လို ကပ်နေတာကိုမကြိုက်ဘူးမလား. ...."

မင်းရတု ဘာတွေဖြစ်နေတာလဲ တိမ်တိုက်နားမလည်တော့ပါ။ သူ့ကိုသဘောကျလှပါရဲ့ဆိုပြီး ကပ်နေခဲ့တာလေ ခုချက်ချင်းမကပ်ချင်တော့ပြန်ဘူးတဲ့လား အပြောင်းအလဲမြန်လှချည်လားကွ။

"ဘာလဲ အသစ်တွေ့သွားတာလား မင်းသိတ်ကအဲ့လိုပဲ အပြောင်းအလဲမြန်နေတာပဲလား....ငါ့နဲ့တစ်ရက်ပဲအိပ်ရသေးတယ် နောက်တစ်ယောက်နဲ့ ထပ်အိပ်ဖို့ကြံနေတာလား....မင်းကစားပြီးနားမလည်လုပ်နေတာလားကွ...."

မင်းရတု နားမလည်နိုင်တော့ပါ။ အကိုတိမ်တိုက် ဘာတွေပြောနေတာလဲ ဘာကိုဆိုလိုတာလဲ ငါကဘယ်သူနဲ့အိပ်လို့လဲ။ မင်းရတုသေချာပြန် စဥ်းစားယူလိုက်ရသည်။ ပြီးမှနားလည်လိုက်သည် သူ့အကိုဖြစ်သူ မင်းဇေယျာနဲ့စကားပြောတုံးပ အကြောင်းကိုကြားသွားပြီ အထင်လွဲနေမှန်းသိလိုက်ရတော့သည်။

နေပါအုံး အကိုတိမ်တိုက်က ငါ့ကိုသဝန်တိုနေတာလား။ တကယ်ကြီး သဝန်တိုနေတာပဲ မျက်နာကြီးကရဲလို့ လက်ကိုအားနဲ့ကိုင်ထားတာကလည်း နာနေပြီ။ မင်းရတုစိတ်ထဲ ပီတိ့တော့ ဖြစ်သွားရသည်။ မျက်နာပိုးသတ်လိုက်ကာ အိုင်တင်ခံတဲ့လူပျိုကြီးကို ပညာတာ့ပြန်ပြရမှာပဲလေ ဟင်းဟင်း...။

သို့....(completed)Onde histórias criam vida. Descubra agora