အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)

Start from the beginning
                                    

ခဏကြာတော့ သမားတော်ကြီး ကျန်းမင်လွီ့က ဆက်ဆိုလာ၏။

"ဒါပေမယ့် အရှင်မင်းမြတ် မစိုးရိမ်ပါနဲ့။ ကောင်လိမင်းသမီးက အတိတ်မေ့သွားတယ်ဆိုပေမယ့် ခေါင်းမှာ ဒဏ်ရာရလို့ကြောင့်မဟုတ်ဘဲ စိတ်ဒုက္ခဒဏ် ခံစားခဲ့ရတယ်လို့ ယူဆရပါတယ်ဘုရား"

"အဲ့လိုနဲ့ သူက ကျင်းထိုင်ရယ် ခွန်းတာရယ်ကိုပဲ မှတ်မိသတဲ့လား"

"အစကတော့ နှစ်ယောက်တည်းပဲ မှတ်မိတယ်ဘုရား။ စောနကတော့ ရှီးနန်ဝမ်ကိုလည်း မှတ်မိတယ်လို့ ပြောလာပါသေးတယ်"

သွမ့်ပိုင်ယွဲ့ - "....."

ဘာလို့တုန်း။

ကျန်းမင်လွီ့က ဆကဆို၏။

"အခု ရှီးနန်ဝမ်လည်း နန်းတော်ထဲရောက်နေတာဆိုတော့ သူ့ဆီ တစ်ခါလောက်သွားပြီး ချော့မော့စုံစမ်းကြည့်ရင်လည်း ဘာမှနစ်နာသွားမှာမဟုတ်ပါဘူး။ သူ့ရောဂါအတွက်လည်း ကောင်းပါလိမ့်မယ်ဘုရား"

"အဟမ်း"

"သွားလိုက်ပါ"

ချူယွမ်က သူ့ဘက်လှည့်ကြည့်ပြီး ခွင့်ပြုလိုက်သည်။

သွမ့်ပိုင်ယွဲ့က ချူယွမ်ဆီ အကြည်ချင်းဆုံလာစေ၏။

ကိုယ့်ကို တကယ်သွားခိုင်းမှာလား။

"ခုလောလောဆယ် ကျင်းဆူးက အတိတ်မေ့နေတော့..... ကျင်းထိုင်လည်း မြို့တော်ကို ပြန်မရောက်သေးဘူး၊ ခွန်းတာလည်း သေသလားရှင်သလားတောင် မသိရသေးဘူးဆိုတော့ သူ့ဆီကို ရှီးနန်ဝမ် အစမ်းသွားကြည့်လိုက်ပါလေ"

ထောင်လျန်တာလည်း ဘေးနားမှနေပြီး အားပေးလာ၏။

"အဲ့လိုသာဆို ရှီးနန်ဝမ်ကို အားကိုးရတော့မှာပဲခင်ဗျာ"

သွမ့်ပိုင်ယွဲ့ ခေါင်းကိုက်သွားသည် ။ တစ်ဖက်လူ၏ ငယ်ထိပ်ကို ရိုက်ပစ်ချင်နေပြီဖြစ်၏။

ခင်ဗျားကြီးနဲ့ ဘာဆိုင်နေလို့လဲဗျ။

သူ အတန်ကြာငြိမ်နေသည်ကိုတွေ့တော့ ချူယွွမ်က ဆက်မေးလာ၏။

"ရှီးနန်ဝမ် ...ဘာအခက်အခဲများ ရှိလို့လဲ"

မရှိပေါင်.....

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now