Happy Ending

8K 131 19
                                    

နွေ့ကလောကအိမ်လေးကိုပြန်ရောက်သွားခဲ့သည်

နွေစိတ်ကြိုက်စိုက်ချင်သလိုစိုက်ထားတဲ့ indoor plant လေးတွေတောင်ခြောက်ကပ်ပြီးသေဆုံးကုန်ပြီ

"ဟွန်းစိတ်မကောင်းလိုက်တာ"
လူမနေတာကြာတော့အိမ်ကအနည်းငယ်ဖုန်တက်နေတာကလွဲဒီအိမ်လေးကနွေ့အတွက်အဓိပ္ပာယ်အပြည့်

နွေကုတင်ပေါ်ခြေပစ်လက်ပစ်လှဲချလိုက်ရင်း

နွေအကြိုက်ဆုံး သီချင်းဖြစ်တဲ့ Georgia Gibbs ရဲ. Seven Lonely Days ဆိုတဲ့သီချင်းလေးကိုအကျယ်ဆုံးဖွင့်ထားလိုက်သည်

Oh my darlin' you're crying
Boo hoo hoo hoo အဲ့အပိုဒ်မှာနွေအသံထွက်ပြီးထရယ်မိသည်

ငယ်ငယ်ကလည်းဒီတစ်ချင်းနားထောင်တိုင်းအဲ့အပိုဒ်ရောက်ရင်နွေရယ်ရစမြဲ

ရယ်ခဲ့ရတဲ့ခံစားချက်ခြင်းသာကွာသွားသည်

ဘာရယ်မဟုတ်ငယ်ငယ်ကရယ်ခဲ့ရတဲ့အပိုဒ်က
အခုတော့
နွေဘယ်လောက်နာကျင်ကျင်လှည့်မကြည့်ပဲပြောင်ပြနေတဲ့ သူ့ကိုသာနွေမြင်ယောင်မိသည်

သူနဲ့ပတ်သတ်တဲ့ကောင်းတဲ့အမှတ်တရလေးတချို့ဒီအိမ်လေးမှာရှိနေတာတော့နွေ သဘောကျမိသည်

" ဒါပြီးရင်ပြန်ကြရအောင်ဟာ"
ဆေးတချို့ကမ်းပေးရင်း
သော်တာကစိတ်မသက်မသာပုံစံနဲ့နွေ့ကိုပြောသည်

"ခုမှရောက်တာကို နင်ကလည်း ပြီးတော့ငါနေကောင်းပါတယ်ဆေးတွေကမနက်ကတင်သောက်ပြီးပြီလေ"
နွေသော်တာ့ကိုဘုဆက်ဆက်နှင့်ပြန်ရန်တွေ့ပြီးပြောလိုက်သည်

" မနက်ကဆေးနဲ့ ဒီဆေးနဲ့မတူဘူး ဒါကအားဆေး"
သော်တာကနွေ့ကိုပြုံးပြရင်း ကမ်းပေးသည်
နွေဆေးယူသောက်ပြီးတော့ သူ့ကိုမျက်စောင်းလှမ်းထိုးလိုက်သည်

​သော်တာ နွေ့အိပ်ရာနဲ့ခပ်လှမ်းလှမ်းမှ ထိုင်ခုံမှာထိုင်နေသည်

သတင်းစာအပိုင်းအစတစ်ခုကို နွေမမြင်အောင်သိမ်းလိုက်သည်

"ဧဒင် group ဥက္ကဌ၏နေအိမ်မီးလောင်မှု
ဥက္ကဌနှင့်တကွ မိသားစုဝင် ဦးသေဆုံး "

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now