When you left me

2.6K 84 0
                                    

တစ်ရက်တော့နွေ့ကိုသူနဲ့ခရီးတစ်ခုလိုက်ခဲ့ဖို့တောင်းဆိုခဲ့တယ်
အဲ့ခရီးကနွေ့ဘဝကိုတစ်မျိုးပြောင်းလဲသွားစေမယ်လို့ နွေမတွေးမိခဲ့

အဲ့ဒီနေ့ကနွေနဲ့သူရဲ့တစ်နှစ်ပြည့် anniversary နေ့

လေယာဉ်ပေါ်တက်တက်ခြင်းနွေကြောင်အမ်းအမ်းဖြစ်သွားမိသည်

လေယာဉ်ပေါ်မှာ ခရီးသည်ဆိုလို့သူမတို့နှစ်ယောက်သာရှိသည်

ထိုင်ခုံတွေကခပ်ဝိုက်ဝိုက်မျက်နှာချင်းဆိုင်အနေအထားမှာရှိသည်

နွေကြောင်တောင်တောင်ဖြင့်ထိုင်လိုက်သည်

ဝါကျင့်ကျင့် champagne လေးကိုလာချပေးတဲ့ လေယာဉ်မယ်လေးက
သူ့နဲ့အတော်လေးပင်ရင်းနှီးနေသလို

သူကလေယာဉ်မယ်လေးရဲ့နားကိုကပ်တိုးလေးလက်ဖြင့်အုပ်ကာပြောလိုက်

ဟိုကခိုးခိုးခစ်ခစ်ရယ်လိုက်နဲ့

အချင်းချင်းပွေ့ဖက်နှုတ်ဆက်နေလိုက်ကြတာများ
နွေ့ရင်ထဲမှာတစ်မျိုးဖြစ်သွားသည်

နွေတို့အသက်အရွယ်တွေကချည်နှောင်ပြီးသဝန်တိုရမဲ့အရွယ်မဟုတ်တာနွေနားလည်ပါတယ်

ဒါပေမဲ့လည်းနွေသူနဲ့ဘယ်တုန်းကမှမနီးစပ်သေးမှန်းနွေသဘောပေါက်သွားမိသည်

နွေမသိသေးမဲ့သူ့ဇာတ်လမ်းတွေဘယ်လောက်ရှိမလဲ

ဘယ်အမျိုးသမီးကရော ဒီလိုပြိုင်ဖက်ကင်းအောင်အိမ်မက်ဆန်တဲ့အမျိုးသားကိုငြင်းဆန်နိုင်မလဲ

နွေတွေးရင်း ရင်ထဲမှာတင်းကျပ်လာလို့ champagneကို ခွက်ခနဲမော့သောက်လိုက်သည်

"champagneဆိုတာ အရသာခံပြီးသောက်ရတာလေနွေရဲ့"

သူနွေ့ရဲ့ပါးကိုဖြတ်ခနဲလာနမ်းပြီးမှ ထိုင်ခုံတွင်အကျအနထိုင်လိုက်သည်

သူ့ပုံစံကပကတိကြည်လင်နေပြီး နွေ့စိတ်ကိုသူမသိတာလား

သိရက်နဲ့မသိချင်ယောင်ဆောင်နေတာလားနွေမသိပါ

ဟုတ်မှာပါ တဆက်တည်းမှာ
နွေနဲ့သူ type မတူတာနွေသတိပြုမိသည်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now