I Never Knew You

3.1K 94 0
                                    

​နွေ နောက်နေ့အလုပ်သွားတော့
နွေ့စားပွဲပေါ်ရောက်နေတဲ့လက်ဆောင်ဘူးလေးကိုမျက်မှောင်ကြုံ့ပြီးကြည့်လိုက်သည်

အပေါ်မှာရေးထားတာက ဆရာမနွေအတွက်.....
တဲ့လေ
ထုတ်ကြည့်လိုက်တော့ Roja Musk Aoud တံဆိတ်ရေမွှေး
ဘုရားရေ သူမတအံ့တဩဖြစ်သွားသည်

ဒီရေမွှေးတစ်ပုလင်းတင်၁၀ သိန်းနီးပါးကပ်နေတာဘယ်သူကများလာပို့ထားပါလိမ့်

" သော်တာ.... လာဦးဒါဘယ်သူပို့ထားတာလဲ"
သူမလေသံတိုးတိုးလေးဖြင့်ကပ်တိုးလေးလှမ်းမေးလိုက်သည်

သော်တာလည်းမျက်လုံးပြူးကျယ်သွားသည်
သူဖုန်းကိုထုတ်ပြီး QR ကုဒ်ပါကောက်စစ်နေသည်

" အစစ်ဟဲ့...အပျိုကြီးကတော့စွံတော့မယ်" သူပြုံးစိပြုံးစိဖြင့်နွေ့ကိုကြည့်နေသည်

နွေထိုလူနာ​၏အခန်းသို့သွားလိုက်သည်

ဝင်ဝင်ခြင်းများပြားလှတဲ့ခြင်းတွေ ပန်းစည်းတွေကြောင့် သူမပင်မင်သက်သွားမိသည်

နယ်ဆေးရုံမှာတက်နေတာတောင် ဒီလောက်များပြားတဲ့ပန်းတွေ မုန့်ခြင်းတွေ လာပို့ကြတာ သူဘယ်လိုလူပါလိမ့်

သူ့ဘေးမှလူကသူ့အားဆန်ပြုတ်ခွံ့နေသည်

သူကနွေ့ကိုမြင်တော့ သူ့ဘေးကလူအားလက်ကာပြသည်

" နွေ ဒီလောက်တန်ဖိုးကြီးတဲ့လက်ဆောင်လက်မခံပါရစေနဲ့"

"နွေကျွန်တော့်ကိုပေးခဲ့တာကပိုတန်ဖိုးကြီးမားပါတယ်... ကျွန်တော့မှာနွေပေးတဲ့အသက်ပဲရှိတော့တာ"

နွေ့ကိုခပ်စိုက်စိုက်ကြည့်နေသော
ခပ်ညို့ညို့သူ့ရဲ့မျက်လုံးတစ်စုံကို နွေကြာကြာရင်မဆိုင်ရဲ

" ကျွန်မလုံးဝလက်မခံနိုင်ပါဘူးရှင် နွေကနွေ့ရဲ့တာဝန်အတိုင်းနွေလုပ်နေတာပါ"

နွေလက်ဆောင်ဘူးကိုသူ့ကုတင်ဘေးတွင်ချထားခဲ့သည်
ထို့နောက်အခန်းထဲမှထွက်လာခဲ့သည်

ဒီညက နွေ့မှာnight duty ရှိသောကြောင့်ကော်ဖီတစ်ခွက်ကိုရေအပြည့်နဲ့ဖျော်ပြီးသူမထိုင်လိုက်သည်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now