ယုံကြည်မှု

2.2K 74 0
                                    

" နင်နဲ့သူငယ်ချင်းဖြစ်ရတာ ဒီတစ်ခါအကောင်းဆုံးပဲ ဆင်ဖြူတော်မှီပြီးကြံစုပ်ရတယ်ဆိုတာဒါကိုပြောတာထင်တယ်"

သော်တာကသူ့အတွက်နွေငှားပေးထားသော condo အခန်းကိုကိုလှည့်ပတ်ကြည့်ရင်းပြုံးစိစိဖြင့်ပြောလိုက်သည်

" နင်အဆင်ပြေရင်ပြီးတာပါပဲဟယ်"

သော်တာပျော်နေတဲ့ပုံစံကိုကြည့်ပြီးနွေမသဘောကျမိသည်

သော်တာနဲ့နွေက ဆေးကျောင်း first year စတက်ကတည်းကတစ်တွဲတွဲမို့တော်တော်များများက နွေတို့ကို အတွဲတောင်ထင်ကြသည်
အဲ့လိုထင်ကြလို့လားမသိ နွေရော သော်တာရော ဘူပိတ်ပြီးရည်းစားမရခဲ့ကြတာဖြစ်မည်

ခုလည်းသော်တာ့ပုံစံက မိန်းမယူတော့မဲ့သဘောမှာမရှိ
" နင်တို့ကလေးထိန်းမယ်လေ သမီးလေးမွေးမှငါနဲ့ပေးစား" လို့သာခဏခဏပြောတက်သည်

သော်တာကရှမ်းလူမျိုး အသားဖြူဖြူ ခပ်ပိန်ပိန် မျက်ရစ်မရှိပဲ
ပြုံးလိုက်ရင်မျက်လုံးတွေကမမြင်ရလောက်အောင်ပိတ်သွားတက်သည်
သူ့ပုံစံကရုပ်ဆိုးနေတာလည်းမဟုတ်ပဲဘာလို့ခုအရွယ်ထိရည်းစားမရလည်းနွေမတွေးတက်ပါ

တီခနဲမြည်လာသောဖုန်းသံကိုသူမကိုင်လိုက်သည်

"ကိုအောက်မှာရောက်နေပြီ"
နွေဝရံတာမှအောက်ထပ်ကိုလှမ်းချောင်းတော့
အောက်မှလက်လှမ်းပြနေတဲ့သူ့ကိုတွေ့လိုက်ရသည်

" နင့်လူကြီးရောက်လာပြီထင်တယ် ငါလိုက်ပို့မယ်လေ "
မိုးကဖျောက်တောက်ဖျောက်တောက်ရွာနေသဖြင့် နွေတားနေသည့်ကြားမှ သော်တာနောက်မှလိုက်လာခဲ့သည်

ထီးတစ်ချောင်းနှစ်ယောက်ဆောင်းထားသည့်နွေတို့ကို တစ်ခါမှမမြင်ဖူးတဲ့သူက နွေတို့နှစ်ယောက်ကိုစားမတက်ဝါးမတက်ပုံစံဖြင့်ကြည့်နေသည်
သော်တာကတော့မရိပ်မိ

ကားပေါ်ရောက်တဲ့ထိသူ့မျက်နှာထားကတင်းမာလျက်

"နွေ ကိုမပါပဲနောက်ဆိုယောကျာ်းလေးတစ်ယောက်တည်းနေတဲ့အခန်းကိုမသွားနဲ့တော့"
သူ့အသံကအမိန့်ပေးသည့်အသံမျိုးဖြစ်သည်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now