ရင်နာစေတဲ့ကြိုးတွေ

2.4K 81 1
                                    

နောက်ရက်တွေမှာတော့ သူတို့မိသားစု နွေ့ကိုဆက်ဆံတဲ့ပုံစံတွေလုံးဝပြောင်းလဲသွားခဲ့သည်

ဒါကို သရုပ်အမှန်ပေါ်လာတာလားလို့သာနွေထင်သည်

သူတို့အမြင်မှာနွေကဖောက်ပြန်တက်တဲ့ မိန်းမ

အကြောတင်းပြီးရိုင်းစိုင်းတဲ့မိန်းမ

သူတို့ရဲ့မင်းညိုကတော့နွေဘာလုပ်လုပ်ခံနေတက်တဲ့သနားစရာကောင်းတဲ့လူပေါ့

နွေမတက်နိုင်ဘူး

ဘာကိုမှလည်းမစဉ်းစားထားသေးဘူး

နွေ မင်းညိုကိုလည်းနားချနိုင်မှာမဟုတ်ဘူး

ဖြစ်ချင်ရာဖြစ်ပါစေတော့ အစကတည်းကနွေ့ကိုအထင်သေးခဲ့တဲ့ လူတွေဆိုတော့
သူတို့ဆီကအထင်ကြီးမှုတွေကို ထူးခြားပြီးနွေမလိုချင်တော့

နွေအဲ့ဒီ့နေ့ကစပြီးမင်းညိုတို့မိသားစုနဲ့တွေ့မဲ့ကိစ္စတွေကိုနွေရှောင်ခဲ့သည်

မနက်ကနေ ညအထိ အလုပ်ထဲရှိနေရတော့ထူးခြားပြီးတော့ပြေးပုန်းစရာမလို

နွေအိမ်ပြန်ရောက်တဲ့အချိန်ကအားလုံးအိပ်တဲ့အချိန်မို့နွေ့အတွက်အဆင်ပြေသည်

အလုပ်စောပြီးတဲ့နေ့တွေဆို နွေ ဘားတစ်ခုခုမှာသွားထိုင်နေသည်
လူခြေတိတ်မှနွေပြန်လာသည်

မထင်မှတ်လောက်အောင်အေးစက်သွားတဲ့
နွေတို့အိမ်ထောင်ရေးကိုလည်းနွေခေါင်းထဲမထည့်ထားတော့ချင်ပါ

အလုပ်တွေဖိလုပ်ရင်း အားတင်းနေပေမဲ့ ရင်ထဲမှာတော့တဆစ်ဆစ်ကိုက်ခဲနေသည်

ဒီအကြောင်းအရာတွေကိုနွေဘယ်သူ့ကိုမှရင်မဖွင့်ချင်တော့

နွေဘယ်အရာကိုမှဂရုမစိုက်တော့ဘူး

နွေမမှားတဲ့အမှားတစ်ခုအတွက်တော့နွေမတောင်းပန်ချင်ခဲ့

သူလည်းပြန်လာချင်တဲ့ညမှပြန်လာခဲ့သည်
နွေနဲ့သူက ညအိပ်တဲ့အချိန်တစ်ခုပဲဆုံတာတောင်
တစ်ယောက်နဲ့တစ်ယောက် ကျောပေးပြီးအိပ်ကြရသည်

အိပ်ရာတစ်ခုတည်းပေါ်အိပ်နေတဲ့ ရန်သူနှစ်ယောက်လို
နွေဒီလိုအခြေအနေကိုဆက်ပြီးသည်းမခံနိုင်တော့

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now