အတ္တရဲ့အစ

2.3K 79 0
                                    

"နောက်ဆိုမီးမှိတ်ပြီးမအိပ်တော့ဘူးနော်အရူးမလေး"
သူပက်လက်လှန်ထားပြီး
သူ့ရင်ဘက်က tattoo ကိုမှောက်ရက်အနေအထားနဲ့ဂရုတစိုက်ကိုင်ကြည့်နေသောနွေ့ရဲ့ခေါင်းကိုသူသိမ့်ခနဲပုတ်လိုက်သည်

သူ့ tattoo ကဖျက်ထားတာမဟုတ်ပဲ သရဲမနှစ်ယောက် ကျောချင်းကပ်နေသည့်ပုံစံဖြစ်သွားသည်

​" ဒါဆို သရဲမနှစ်ယောက်ကိုရင်ထဲမှာထည့်ထားမယ်ဆိုတဲ့သဘောပေါ့နော် ကိုမင်းညို"

ခပ်ဆောင့်ဆောင့်ရွဲ့ပြောသောနွေ့ကို သူသဘောကျစွာမျက်ရည်တွေကျသည်အထိရယ်နေသည်

သူရယ်နေတာကို နွေသတိလက်လွတ်ငေးကြည့်နေမိသည်

နွေသူ့အပြုံးတွေကိုဆုံးရှုံးရတော့မလို့တော်သေးတာပေါ့

"ကိုကိုကလေးလေးမွေးပေးပါလားနွေရယ်"
လေပြေအေးလေးနဲ့ပြောတဲ့သူ့ကိုနွေဘာပြန်ဖြေရမလဲ
နွေသူ့ကိုအဆုံးရှုံးမခံနိုင်ဘူး
ကလေးရူးရူးနေတဲ့သူ့ကိုနွေဘယ်လိုငြင်းရမလဲမသိ

ချမ်းသာတဲ့အသိုင်းအဝိုင်းမှာလူတစ်ယောက်ဖြစ်ဖို့တအားများခက်ခဲသလားမသိ
နွေသိသလောက် သူ့ညီမအလတ်လင်မယားကနည်းမျိုးစုံနဲ့ကြိုးစားပေမဲ့ကလေးမရနိုင်တဲ့အတွဲ
သူ့ပုံစံကလည်း
သားအကြီးမို့မျိုးဆက်တာဝန်အရ ကလေးကိုမရရအောင်ယူမဲ့သဘောမှာရှိသည်

ကလေးလိုချင်လွန်းလို့များနွေ့ကိုအချိန်တိုအတွင်းလက်ထပ်ခွင့်တောင်းခဲ့လားတောင်နွေမသိခဲ့

နွေဟာနိုင်နေသလိုလိုနဲ့ သူ့ရဲ့အပျော့ဆွဲအကြပ်ကိုင်မှုတွေကြောင့်အမြဲလိုလိုရှုံးရစမြဲ

"နွေသူ့ကိုခေါင်းညိမ့်ပြလိုက်သည်

သူပြုံးပျော်ပြီးနွေ့ကိုတင်းတင်းကျပ်ကျပ်သူ့ရင်ခွင်ထဲဆွဲထည့်ထားလိုက်သည်

"နွေကလေးမထိန်းနိုင်ဘူးနော် မွေးပဲမွေးပေးမှာ"
နွေ့စကားကြောင့်သူနွေ့ကိုငုံ့ကြည့်ရင်း

" မထိန်းနဲ့ကွာနွေက၆လလောက်ထိ နို့ပဲတိုက်ပေး
ကလေးကိုကိုထိန်းမယ် ကြီးလာမှ ကလေးကိုမင်းအမေကမိစ္စာမကြီးဆိုပြီး psycho ထည့်မယ်"
သူ့အပြောကအတော်အမြင်ကပ်စရာ ပြောလို့မရဘူးတကယ်လုပ်မဲ့ရုပ်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now