နီးစပ်ဖို့

2.4K 81 0
                                    

နွေရင်တွေတဒိတ်ဒိတ်ခုန်နေသည်
သူကနွေ့လက်ဖဝါးကိုခပ်ဖွဖွဆုပ်ကိုင်ထားသည်
ဘာမှမဖြစ်ပါဘူး ဆိုတဲ့အကြည့်နှင့်နွေ့ကိုအားပေးသည်

သူ့အိမ်နန်းတော်ကြီးတစ်ခုလိုကျယ်ဝန်းလှသည်
အဝင်လမ်းတောက်လျောက်တွင်အလှဆင်ထားသောမီးများ
အိမ်ဝင်အတွင်တွေ့ရသောကြီးမားတဲ့ရေပန်းတစ်ခု

" ဧည့်ခန်းထဲမှာ အန်တီစောင့်နေတယ် ဆရာ "
ဘေးမှလူတစ်ယောက်က သူ့ဘေးနားခပ်တိုးတိုးလာပြောသည်

ကြီးမားတဲ့ဧည့်ခန်းထဲတွင် ကို နဲ့တော်တော်သူသောအမျိုးသမီးကြီးကိုနွေတွေ့လိုက်ရသည်
ဆင်စွယ်ရောင် ဂါဝန်တစ်ထည်ကိုဝတ်ထားပြီး အလွန်နုဖက်နေသော သူ့ရဲ့အမေပုံစံကြောင့်သူမအံဩသွားခဲ့သည်

" ဆရာဝန်မလေးနွေဆိုတာသမီးလား"

ထိုအမျိုးသမီးကြီးက နွေ့ကိုစမိတ်ဆက်သည်

" ဟုတ်ကဲ့ အန်တီ"

" မကြောက်ပါနဲ့သမီးရယ် အန်တီကသားကိုအရမ်းချစ်တော့ သမီးကိုလည်းချစ်ဖို့ပြင်ဆင်ပြီးသားပါ"

သူ့အမေစကားကြောင့် သူပြုံးသွားသည်

မင်းညိုကအိမ်မှာသားအကြီးဆုံး
မင်းညိုရဲ့အောက်မှာအိမ်ထောင်ကျနေတဲ့ညီမတစ်ယောက်နဲ့
၁၇ နှစ်အရွယ်ညီမလေးတစ်ယောက်ရှိသည်
မင်းညိုရဲ့အဖေကလွန်ခဲ့တဲ့တစ်နှစ်ကဆုံးသွားတာဖြစ်ကြောင်းနဲ့
သူတို့မိသားစုက ဘဏ်တွေ ဆေးရုံတွေ အပြင် hotel တွေမှာပါနာမည်ကြီးတဲ့ ဧဒင် group ဖြစ်မှန်း နွေခုမှသိလိုက်ရသည်

" မိဘတွေကရော နွေ"
" နွေ့အဖေက နွေ ၁၀ နှစ်လောက်ကဆုံးသွားပါပြီ"
" အမေရှိသေးတာပေါ့"

နွေသူမရဲ့အမေးကိုဖြေရခက်သွားသည် တကယ်က နွေ့အမေနဲ့နွေနဲ့တောင်မတွေ့ဖြစ်တာ ၃ နှစ်လောက်ရှိပြီဖြစ်သည်

"အမေကနောက်အိမ်ထောင်နဲ့ပါ နွေတစ်ယောက်တည်းနေတာပါ"

နွေ့စကားကြောင့်သူမ မျက်နှာအနည်းငယ်ပျက်သွားသည်

ဒါပေမဲ့ သူမမျက်နှာကိုအတက်နိုင်ဆုံးထိန်းလိုက်သည်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now