မျက်နှာဖုံးတချို့အကြောင်း

2.3K 75 0
                                    

နွေခါတိုင်းလိုပဲမနက်ဆို သော်တာ့ဆီ ပတ်ခေါ်ပြီးမှဆေးရုံကို သွားသည်
ခါတိုင်းလိုပဲစားတယ် သွားတယ်
နွေ့မှာဘယ်အရာမှပြောင်းလဲမှုမရှိ
ဘဝမှာသော်တာနဲ့ပတ်သက်ပြီးနွေတို့ပြသနာဖြစ်ရလိမ့်မယ်လို့နွေတစ်ခါမှမတွေးမိပါ

အဲ့ဒီ့နောက်ပိုင်းမှာတော့
နွေတို့နှစ်ယောက်ရဲ့သွေးအေးစစ်ပွဲကတကျော့ပြန်စလာခဲ့သည်

နွေတို့ရဲ့သွေးအေးတိုက်ပွဲကိုအင်အားပြင်းထန်လာစေတဲ့သူတချို့လည်းပါဝင်လာခဲ့သည်

ထမင်းစားဝိုင်းမှာ အားလုံးငြိမ်သက်စွာထမင်းစားနေတဲ့အချိန်

"မနွေကားပေါ်မှာဟိုနေ့ကပါလာတဲ့ကောင်လေးကအချောနော်"
မင်းညိုရဲ့ညီမအလတ်မှထပြောလိုက်သည်

"အဟွတ်..." မင်းညိုရေသီးသွားခဲ့သည်

မင်းညိုရဲ့အမေကသိသိသာသာနွေ့မျက်နှာကိုအကဲဖြတ်ပြီးလှမ်းကြည့်နေသည်

အားလုံးရဲ့အကြည့်တွေကနွေ့အပေါ်ကျရောက်လာသည်
အဲ့ဒီ့အခိုက်အတန့်ကနွေ့အတွက်တော်တော်လေးကြာရှည်နေသလို
မင်းညိုကတော့မျက်နှာကိုအောက်ငုံ့ထားသည်

" မနွေရဲ့ငယ်သူငယ်ချင်းပါ... ညီမလေး" နွေအထစ်ထစ်အငေါ့ငေါ့ဖြေလိုက်သည်

" သမီးကအခုအိမ်ထောင်သည်ဖြစ်ပြီဆိုတော့ အသွားအလာအနေအထိုင်ဆင်ခြင်ပါနော် အန်တီတို့အသိုင်းဝိုင်းမှာကတစ်ခုခုမှားရင်လက်ညိုးထိုးမဲ့သူတွေအပြည့်ပဲ"
ခပ်ပြတ်ပြတ်ပြောတဲ့ မင်းညိုရဲ့အမေရဲ့စကားကိုနွေစိတ်မကောင်းဖြစ်မိပေမဲ့
နွေခေါင်းအသာယာငြိမ့်ပြလိုက်သည်

နွေစားလက်စထမင်းကိုဆက်မစားနိုင်တော့

" နွေစားပြီးသွားပြီမို့ သွားလိုက်ပါဦးမယ်"
နွေနှုတ်ဆက်ပြီး ထွက်လာခဲ့သည်

" Broken family တွေက အမျိုးလိုက်တက်တယ်နော် မင်းညို like mother, like daughter ပဲ "

နွေနားစွန်နားဖြားကြားမိတဲ့မင်းညိုအမေရဲ့စကားကြောင့်ဆက်ခနဲ့ ရပ်သွားမိသည်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now