နတ်ကြီးတဲ့ဝတ်စုံ

2.4K 80 0
                                    

ဒါပေမဲ့လည်းနွေ မင်းညိုကိုလက်ထပ်ဖြစ်အောင်လက်ထပ်ခဲ့ပါတယ်

လက်ထပ်ခြင်းတွေကိုအယုံကြည်ရှိခြင်းမရှိတဲ့
နွေ့အတွက် သူနဲ့အတူရှိချင်တဲ့ရည်ရွယ်ချက်တစ်ခုတည်းသာရှိခဲ့သည်

မီးရောင်စုံတွေကြားကလှပတဲ့ညနေခင်းလေးမှာကျင်းပတဲ့နွေတို့မင်္ဂလာပွဲလေးကျင်းပခဲ့သည်

နွေဖြစ်စေချင်တာကအကျဉ်းရုံးလေးသာဖြစ်စေချင်ခဲ့သည်
မင်္ဂလာစားရိတ်အတွက်ကုန်ကျငွေတွေကိုတစ်နေရာရာမှာအကျိုးပြုချင်သည်
နွေ့မှာမင်္ဂလာပွဲကျင်းပလောက်မဲ့မိတ်လည်းသိပ်မရှိခဲ့ပါ

သို့ပေမဲ့ သူ့ရဲ့သိက္ခာကြောင့်နွေဖြစ်စေချင်သလိုမဖြစ်ခဲ့......

လူတွေ....သူမတစ်ခါမှမတွေ့ဖူးတဲ့လူတွေကိုအပြုံးတုနဲ့နှုတ်ဆက်ရင်း.....

သူမဘက်ကအသိဆိုလို့ သော်တာနဲ့ ဆေးကျောင်းတုန်းကသူငယ်ချင်းအချို့သာရှိသည်

သတို့သမီးဝတ်စုံက နတ်ကြီးတယ်တဲ့လေ
မထိုက်တဲ့သူဝတ်ရင်ရင်တွေတင်းကျပ်နေတက်တယ်တဲ့
တင်းကျပ်မှာပေါ့ ဒီလောက်ခါးစည်းတွေ ဘော်လီအကျပ်တွေ လေးလံလွန်းတဲ့ မျက်တောင်တုနဲ့ ဒေါက်ဖိနပ်စီးရင်း အပြုံးတုတွေပန်ဆင်ရင်း

နွေကိုယ်တိုင်ပဲ သူနဲ့မထိုက်တန်လို့လား?

ဒီလောက်ပြည့်စုံတဲ့လူနဲ့ဖူးစားဆုံတာသတို့သမီးကကံကောင်းလိုက်တာဆိုပြီး
ယဉ်ယဉ်လေးဒဲ့လာပြောတဲ့သူတချို့

ကောင်မလေးမိဘတွေရောဆိုပြီးအလိုက်မသိမေးကြတဲ့လူတစ်ချို့

နောက်တစ်မျိုးက ဘယ်လိုများရအောင်ကပ်ပစ်လိုက်လဲမသိဘူးဆိုတဲ့တီတိုးပြောတဲ့သူတချို့

မတန်လိုက်တာဆိုတဲ့ မကြားတကြားပြောတဲ့အမျိုးသမီးတချို့

နောက်ပြီး နွေ့ကိုနှုတ်မဆက်ပဲ သူ့ကိုပဲသီးသန့် ဖတ်လိုက်နမ်းလိုက်လုပ်သွားတဲ့ သူနဲ့ဘယ်တုန်းကဘယ်လိုပတ်သတ်ခဲ့ကြမှန်းမသိတဲ့ သူငယ်ချင်းအမည်ခံ rich kid အမျိုးသမီးတစ်ချို့

တကယ်ပဲနွေကံကောင်းတာလား
သူကရောနွေနဲ့ဖူးစာစုံလို့ကံဆိုးတာလား
သူ့အတွက်နွေကရောကံကောင်းခြင်းမဟုတ်ခဲ့ဘူးလား

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now