Love & Desire

2.9K 79 0
                                    


အဲ့ဒီ့နောက်ပိုင်းနွေနဲ့သူအပတ်တိုင်းတွေ့ဖြစ်တယ်
တွေ့တိုင်းလည်းမတူညီတဲ့ရင်ခုန်မှုတစ်ခုစီပေးသောသူ့ကိုနွေတကယ်ကိုသဘောကျမိခဲ့သည်

သူကချစ်တယ်လို့တောင်းဆိုလာခဲ့တော့လည်း နွေသဘောတွေကျပြီးချက်ချင်းကိုခေါင်းညိမ့်မိခဲ့သည်

သူနဲ့တွေ့တိုင်းလှိုင်းစီးရသလိုရင်ခုန်စိတ်လှုပ်ရှားမှုတွေကိုလည်းနွေယစ်မူးမိသည်

ညစာစားရင်းအနမ်းတွေဖလှယ်မိသည့်တိုင်အောင်နွေသူ့ကိုစွဲလမ်းမိသည်

နှုတ်ဆက်ရမဲ့အချိန်ဆို နွေ ငိုချင်သလိုလိုဖြစ်မိသည်

နောက်ပိုင်းမှာနွေသူ့အပေါ် ချစ်မြတ်နိုးခြင်းဆိုတာထက် ရင်ခုန်စိတ်လှုပ်ရှားချင်မှုနဲ့ sex desireကြောင့်ဆိုတာပိုသိလာခဲ့တယ်

အသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်မို့ နွေခံစားရတာတွေနွေမရှက်ပါဘူး

သူကရောနွေ့ဆီကိုဘာအကြောင်းကြောင့်ဝင်လာခဲ့တာလဲနွေမပြောတက်

နွေနဲ့သူတွဲခဲ့တာ ၆ လအကြာထိနွေသူ့အကြောင်းအကုန်မသိသေးပါ....

နွေ....သူမအိပ်ရာပေါ်တွင်မှောက်ရက်အိပ်ပျော်နေသော သူ့ရဲ့ဆံပင်တွေကိုပွတ်သပ်လိုက်သည်

"ထတော့ အိပ်ပုတ်ကြီး"

နွေသူ့နှာခေါင်းကိုဆွဲညစ်လိုက်သည်

သူအိပ်မှုန်စုတ်ဖွားထလာပြီး

နွေ့ရယ့်ပခုံးထက်မှာ သူ့မေးစေ့ကိုမှီထားပြီးဆက်အိပ်နေသည်

သူကသူ့အလုပ်ပေါ်မှာဘာကြီးဖြစ်ဖြစ်နွေနဲ့ဆိုက
လေးလေးလို

သူကြောင့်ပြောင်းလဲသွားတဲ့နွေ့အပေါ်လဲနွေအံ့ဩသည်

နွေရဲ့အရင်ကကြွက်သိုက်လိုရှုပ်ပွနေသောအခန်းကိုနွေရှင်းလင်းထားတက်ခဲ့ပြီ

သူကြိုက်တက်တဲ့ ထင်းရှူးအနံ့ air freshner လေးတွေဆောင်ထားတက်ပြီ

သူလာရင်နွေတို့အတူဟင်းချက်စားဖြစ်တာကြောင့် ရေခဲသေတ္တာထဲမှာအစုံထည့်ထားတက်တယ်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now