Love is so unpredictable. ...

3K 93 0
                                    

၃ လခန့်အကြာ ......
တနင်္ဂနွေနေ့မနက်ခင်းတစ်ခု

ခါတိုင်းလို အမှောင်ချပြီးလှိမ့်ပိတ်အိပ်နေစဉ်

နွေလူခေါ် bell မြည်သံကြောင့် တော်တော်စိတ်အနှောက်ယှက်ဖြစ်သွားသည်

သူမအသံကြားသော်လည်းမကြားသလိုဆက်ပြီးလှဲနေခဲ့သည်

အချိန်က ၉နာရီခွဲ

Bell သံခဏတိတ်သွားသည်

တိတ်ဆိတ်သွားသော bell သံကြောင့် သူမတံခါးနားရှိအပေါက်မှလှမ်းချောင်းကြည့်လိုက်သည်

ဘုရားရေ....နွေ့အိမ်ရဲ့လှေကားခြေရင်းမှာဆောင့်ကြောင့်လေးလာထိုင်နေသော သူ.....

"အာဒုက္ခပါပဲ..,"

သူမအမြန်ဆုံးခေါင်းဖီး သူမဝတ်ထားတဲ့ခပ်ပွပွအနွေးထည်ကိုချွတ်လိုက်သည်

sexy ကျကျညဝတ်အင်္ကျီအနီလေးကိုဝတ်လိုက်ပြီး အဆင်ပြေမပြေမှန်ရှေ့မှာတစ်ပတ်လှည့်ကြည့်လိုက်သည်

နှုတ်ခမ်းနီအဆီလေးကိုဆိုးလိုက်ပြီးသဘာဝကျအောင်နွေ့ဆံပင်ကိုမသိမသာလေးပြန်ဖွလိုက်သည်

အလှဆုံးအပြုံးလေးဖြင့်သူမတံခါးကို ဟလိုက်သည်

သူထိုင်နေရာမှသူမကိုမော့ကြည့်လိုက်ရင်းထလာခဲ့သည်

သူ့မျက်နှာကလန်းလန်းရွှင်ရွှင်သန့်သန့်ပြန့်ပြန့်ဖြစ်လို့

"နွေ ကျွန်တော့်ကိုမှတ်မိသေးလားတဲ့"

စိတ်ကူးထဲမှာတော့မှတ်မိတာပေါ့ သိပ်မှတ်မှတ်ရရရှိနေတာအရမ်းသတိရနေတာလို့ပြောပြီး သူ့ရင်အုပ်ကျယ်ကျယ်ကြားတိုးဝှေ့ချင်လိုက်တာ

"ဟုတ် ဘယ်သူလဲရှင့်" နွေ မသိသလိုပုံစံဖြင့်မေးလိုက်သည်

သူ့ပုံစံနည်းနည်းစိတ်မကောင်းဖြစ်သွားသလိုလို

" လွန်ခဲ့တဲ့သုံးလကနွေ သွေးလှူပေးခဲ့တဲ့ မင်းညိုဆိုတဲ့လူနာလေ ကျွန်တော့ကိုမမှတ်မိတော့ဘူးလား.... ဟို AB minus လူနာလေ"
သူနွေ့ကိုအထစ်ထစ်အငေါ့ငေါ့နဲ့ရှင်းပြရှာသည်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Tempat cerita menjadi hidup. Temukan sekarang