အကုန်ပျက်စီးသွားပြီ

3.7K 79 2
                                    

လှေခါးခပ်မြင့်မြင့်ပေါ်က တလှိမ့်ခေါက်ကွေးနဲ့ခပ်ကြာကြာပြုတ်ကျနေသလိုပဲ.......
နွေတို့အိမ်ထောင်ရေးကရှေ့မှာဘာဆက်ဖြစ်လာမလဲမမြင်ရ....


ခပ်ယဲ့ယဲ့နဲ့ပြိုကျတော့မဲ့ဆဲဆဲတိုက်တစ်ခုကို
ရင်တထိပ်ထိပ်နဲ့ဆက်ပြီးတည်ဆောက်နေခဲ့သလိုမျိုး

နွေလုံးဝမရောက်ချင်တဲ့.......

အရာအားလုံးပြိုကျပျက်စီးသွားတော့မဲ့အချိန်က နွေလုံးဝသတိမထားမိချိန်မှာရောက်မှန်းမသိရောက်ရှိလာခဲ့တော့သည်....

ဆေးရုံမှာ report file တွေကိုအပြန်ပြန်လှန်လှန်စစ်ဆေးနေတုန်း

နွေ ဆီးစပ်နားမှာတဆစ်ဆစ် ကိုက်လာသည်

မနက်ကတည်းမှအနည်းငယ်ကိုက်နေတာနွေသတိပြုမိသည်

ကိုက်နေရာမှ
ရုတ်တရက်ဆီးစပ်နေရာက ထိုးအောင့်လာခဲ့သည်

ဘုရားရေ ဘာဖြစ်တာလဲ

အောင့်လွန်းလို့ အလုပ်စားပွဲရဲ့ကို အားပြုရင်းနွေမှီထားရင်းချွေးသီးချွေးပေါက်တွေကျလာခဲ့သည်

နွေ့စကပ်အောက်မှအရည်တွေပြီးတော့သွေးတွေတလဟောဆင်းလာခဲ့သည်

သွေးတွေမြင်တော့နွေအလန့်တကြားထအော်မိသည်

" နွေ ဘာဖြစ်လို့လဲ"
သော်တာနွေ့အော်သံကြားတော့အပြေးအလွှားအခန်းထဲဝင်လာခဲ့သည်

ဆောက်တည်ရာမရဖြစ်နေသောနွေ့ကိုမြင်တာနဲ့ သော်တာသတိထားမိသည်

" နင် ... abortion ဖြစ်တာထင်တယ်နွေ"
သူ့မျက်နှာကသိသိသာသာပျက်လျက်

နွေသွေးအိုင်ထဲမှာလဲပြိုသွားခဲ့သည်

နွေ့နာမည်ခေါ်နေတဲ့သော်တာ့အသံကိုသဲ့သဲ့ကြားလိုက်သည်

နွေသတိရလာတဲ့အချိန်နွေ့ဘေးမှာ မင်းညိုရှိနေသည်

မင်းညိုရဲ့ခပ်လှမ်းလှမ်းမှာသော်တာလည်းရှိနေသည်

မင်းညိုရဲ့မျက်နှာကသိသိသာသာပျက်ယွင်းလျက်
" နွေအခုဘာတွေဖြစ်သွားလဲ သိချင်လား "
သူ့မျက်လုံးမှာမျက်ရည်တွေဝဲလျက်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now