အဝေးဆုံးက..

2.2K 79 0
                                    

နောက်ရက်တွေမှာနွေ့ဆီကိုသူအလာကြဲသွားခဲ့သည်
မအားလို့ဆိုတဲ့အကြောင်းပြချက်နဲအတူ

​နွေကိုယ့်အလုပ်ကိုယ်လုပ်တယ်

ညဆိုနွေ့တာဝန်အရသူ့ကိုဖုန်းခေါ်တယ်

ဒီဇင်ဘာလရဲ့အအေးဒဏ်နဲ့အတူ
သူ့ဆီက အေးစက်လာတဲ့ဆက်ဆံရေးကိုနွေခံစားလာရသည်

ညဘက်ကြီးရုတ်တရက်ဝင်လာတဲ့ ဖုန်းကိုနွေကြည့်လိုက်သည်

သူ့ဆီကဖုန်းမို့နွေမျက်လုံးပြူးကျယ်သွားခဲ့သည်

သူမရင်တထိပ်ထိပ်နဲ့ကိုင်လိုက်တော့

အမျိုးသမီးတစ်ယောက်ရဲ့အသံ

"မင်းညိုရဲ့အမျိုးသမီးလားရှင်"

ဒီအချိန်ကြီးသူ့နဲ့အတူရှိနေတဲ့အမျိုးသမီးကဘယ်သူလဲ
နွေထောင်းခနဲဒေါသထွက်သွားသည်

" ဘယ်သူလဲ ဘာကိစ္စရှိလို့လဲ " နွေအသံကအနည်းငယ်တင်းမာနေခဲ့သည်

" မင်းညို bar မှာအရမ်းမူးနေလို့ တချက်လောက်လာခေါ်ပေးလို့ရမလား" တဖက်မှအမျိုးသမီးအသံကိုသူမရင်းရင်းနှီးနှီးကြားဖူးနေသည်

" နွေကအခု ရန်ကုန်မှာမဟုတ်ဘူး " စိတ်ရှုတ်ရှုတ်နဲ့သူမပြန်ဖြေလိုက်သည်

" မင်းညိုကရန်ကုန်မှာမဟုတ်ဘူးနွေ သူအခုကလောမှာ"
တစ်ဖက်မှပြောသံကြောင့်သူမလုံးဝ shock ရသွားခဲ့သည်

နွေသိထားတာ သူကရန်ကုန်မှာလေ
ကလောရောက်နေတာတောင်
သူနွေ့ဆီမလာနိုင်တော့တဲ့အခြေအနေမျိုးတောင်ရောက်နေပြီလား

နွေကားသော့ကိုယူပြီးတစ်ဖက်မှပြောတဲ့ bar ကိုသူမသွားခဲ့သည်

Bar အတွင်းဖွင့်ထားတဲ့သီချင်းက When We Are Young ဆိုတဲ့ခပ်ဆွေးဆွေးသီချင်းတစ်ပုဒ်

မီးရောင်ခပ်မှိန်မှိန်နဲ့ bar ကို နွေဝင်သွားတော့

နွေ့ကိုလုံးဝအံ့ဩသွားစေတာက
သူနဲ့အတူရှိနေတဲ့အမျိုးသမီးက သူတချိန်ကတအားချစ်ပါတယ်ဆိုတဲ့သူ့ရဲ့ ex အမျိုးသမီး မမေသူ

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now