တည်ဆောက်ရင်းပြိုလဲ

2.5K 71 3
                                    

နွေတို့တတွဲတွဲပြန်အဆင်ပြေနေတာကို

မကျေနပ်ဆုံးကမင်းညိုရဲ့အမေ

​" အမေ့ကိုပြန်တောင်းပန်လိုက်ပါကွာ"

ဖိအားတွေမခံနိုင်တဲ့အဆုံး သူနွေ့ကိုဖွင့်ပြောလာသည်

နွေကြာတော့လည်းသူ့ကိုသနားလာမိသည်

နွေခေါင်းမာနေရင်သူပဲအထိခိုက်ရဆုံးဖြစ်မှာနွေသဘောပေါက်သည်

တစ်ဖက်ကသူတစ်ခါမှကလန်ကဆန်မလုပ်ဖူးတဲ့ သူ့အမေ
တစ်ဖက်ကအကြောခပ်တင်းတင်းနဲ့နွေ

နွေတောင်းပန်လိုက်တော့
သူမကသူ့သားရှေ့မို့လားမသိ
နွေ့ကို မကြိုက်သော်လည်းအောင့်ကာနမ်းသဘောဖြင့်တစ်ချက်ပြုံးပြသည်
သူမရင်ထဲနွေ့ကို မကျေနပ်သေးတာ နွေမြင်ရသည်

အဆင်ပြေတဲ့ထိနွေအောက်ကနေမှာပါ
နွေဆုံးဖြတ်လိုက်သည်

လူတစ်ယောက်ကိုချစ်မိခဲ့ရင်သူနဲ့အတူရှိမဲ့ကာလတစ်လျောက်လုံး
အဲ့ဒီ့လူရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုလက်ခံရတော့မှာမို့​
နွေလည်းဟန်ဆောင်ရမည်

ဘယ်နေ့တစ်စစီကွဲကြေသွားမလဲမသိပေမဲ့
နွေတို့ရဲ့တစ်နေ့ထက်တစ်နေ့များလာတဲ့အက်ကြောင်းတွေကို
နွေဘက်ကတက်နိုင်သလောက်ဖာထေးကြည့်မည်
မှီသေးလားတော့နွေမသိ

နွေသူ့ကိုစောက်ရမ်းချစ်သည်
နွေသူ့ကိုအခုထက်ထိအဆုံးရှုံးမခံနိုင်သေးပါ

သူနွေ့ဘဝထဲကထွက်သွားလိုက်
ပြန်ဝင်လာလိုက်လုပ်နေတာတောင်နွေသူ့ကိုစိတ်မနာနိုင်ခဲ့ဘူး

နွေ့ဘက်ကလျော့လိုက်ရင်
အရာအားလုံးအဆင်ပြေခဲ့ပြီလို့နွေထင်ခဲ့တယ်

ခုရက်တွေမှာအခြေအနေတွေကငြိမ်သက်သွားလို့နွေတော်တော်လေးပျော်မိတယ်

ဒါပေမဲ့
ငြိမ်သက်ခြင်းက မုန်တိုင်းတစ်ခုလာတော့မဲ့ငြိမ်သက်ခြင်းမျိုးဖြစ်ခဲ့တာကိုနွေကြိုမသိခဲ့ပါ

ဘရဏီကတော့ပြောတယ် နွေကသူမနေရာမှာလူစားထိုးခံဖို့ရောက်လာတာတဲ့လေ

ဘရဏီကတော့ပျော်ပျော်ကြီးအိမ်ကနေထွက်သွားခဲ့သည်

ဟုတ်လည်းဟုတ်လောက်ပါတယ်လေ

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)حيث تعيش القصص. اكتشف الآن