အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)

Start from the beginning
                                    

ချူယွမ်က ခေါင်းညိတ်လိုက်ကာ -

"ပိုင်ရှန့်ပြည်ခေါင်းဆောင်က ကိုယ်တော်နဲ့ အလုပ်ကိစ္စဆွေးနွေးဖို့ ရောက်လာတော့မှာနဲ့အကိုက်ပဲ။ ကြိုတင်သတိပေးတဲ့အတွက် အဘိုးကို ကျေးဇူးအများကြီးတင်ပါတယ်နော်"

"ကိုယ်တိုင်လာမှာတဲ့လားဘုရား"

အဘိုးမုချီက ကြောက်လန့်လွန်းလို့ တုန်တက်သွားကာ လက်ကို အ​ြမန်ဝှေ့ယမ်းပြလိုက်သည်။

"ကျွန်တော်မျိုး ဒီနန်းတော်ဝင်းထဲနေမှန်း လုံးဝ မပြောပြလိုက်နဲ့နော်"

"အဘိုး အစိုးရိမ်လွန်နေပြီရယ်။ သိသွားတော့ကော ဘာဖြစ်လဲ၊ နန်ယန်ထဲက ကျွန်းတစ်ကျွန်းလေးပဲဟာ၊  ကိုယ်တော့်လက်ထဲက လူတစ်ယောက်လုံးကို လာလုရဲစရာလား"

"မှနိပါ့ မှန်ပါ့၊ အရှင်မင်းမြတ် မိန့်တာ အမှန်ဆုံးပါပဲဘုရား။ ကျွန်တော်မျိုးထဲ့ဦးနှောက်ကလည်း ဘာဖြစ်သွားတာပါလိမ့်နော်၊ ​ပြေးရလွှားရ ပုန်းကွယ်ရတဲ့ဘဝကနေ ခုထိ နေသားမကျသေးဘူး"

အဘိုးအိုက ခေါင်းကိုပုတ်ရင်း ဆိုလာ၏။

"ရောက်လာပြီးမှတော့ လက်ဖက်ရည်အတူတူ သောက်ကြစို့လေ။ လက်ဖက်ရွက်ပိုင်ရှင်ကတော့ ခုရက်ပိုင်း နန်းတော်ထဲမရှိဘူး ၊ အဘိုးအတွက် ကိုယ်တော် သူ့ကို မေးပေးပါ့မယ်"

*******

တုန်းဟိုင်စစ်ပွဲပြီးသွားကတည်းက ဝမ်းလျိုနျဲန်လည်း ခွင့်ရက်ရှည်ယူကာ ကျောက်ယွဲ့အားလက်တွဲခေါ်ပြီး ကျန်းနန်တစ်ခွင် တောင်စဥ်ရေမြေအနှံ့ အတူတူလျှောက်လည်ကြသည်။ နောက်ခြောက်လလောက်နေမှ ရွှေမြို့တော်ကို ပြန်ရောက်မည်ထင်သည်။

ဒီအမတ်မင်းဝမ်းကတော့ အစကတည်းက အရှင်မင်းမြတ်၏ နှစ်ခြိုက်ခြင်းကို အတိုင်းအဆမရှိ ရရှိပြီးသားဖြစ်သည်ဟု ညီလာခံထဲက မှူးမတ်များပင် ပြောနေကြသည်။ ဘာပဲလိုချင်လိုချင် တောင်းဆိုလိုက်လျှင်လည်းရသည်။ မြေလှန်ပြီးရှာလျှင်တောင် အရှင်မင်းမြတ် ထိုမျှလောက် ချစ်ခင်ရသော သူမျိုး၊  ဒုတိယလူဆိုပြီး ပေါ်လာမည်မဟုတ်ကြောင်း ပြောနေကြသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now