အိမ်ရောက်တော့ လွန်းလေးက ကြီးမားကျယ်ပျံသော သူ့စံအိမ်ကို တမေ့တမောငေးကြည့်လို့ နေသည်။

"ခဗျား...အယ်.."

"ခေါ်ချင်သလိုခေါ်ပါ လွန်းလေး အဆင်ပြေဖို့ပဲလိုတာပါ..."

လွန်းသာခေါင်းငုံသွားရသည်။ အကြောင်းအရင်းတစ်ချို့ကို သိရပေမယ့် စိတ်ကလက်ခံဖို့ဆိုတာ အချိန်တော့ယူရမည်ဖြစ်သည်။ ယခုမျက်နာနဲ့ ကိုကိုဟာ အရင်ကရွာမှာတွေ့ခဲ့တဲ့ ကိုကိုမှမဟုတ်ပဲ။ ထို့ကြောင့်လွန်းသာအတွက် နေသားကျဖို့လိုနေသည်။

"တောင်းပန်ပါတယ် ကျွန်တော်ကို အချိန်နည်းနည်းပေးပါလား..."

"ရပါတယ် အချိန်အများကြီးဆိုလည်းရတယ်...."

လွန်းသာ Blueကို မော့ကြည့်လိုက်မိသည်။ လွန်းသာအား နားလည်ပေးနိုင်သော မျက်ဝန်းနက်နက်တို့ဖြင့် Blueကစိုက်ကြည့်နေသည်ဟု လွန်းသာခံစားရသည်။ ချက်ချင်းလက်မခံနိုင်တဲ့ အတွက်လွန်းသာ စိတ်မကောင်းဖြစ်မိရသည်။

"ငါးနှစ်အတွင်း ဘာတွေလုပ်နေတာလဲဟင်... ကျွန်တော်ကိုကော ဘယ်လိုမှတ်မိတာလဲ...."

"ကိုယ်အကုန်လုံးကို မမှတ်မိသေးပါဘူး ဒါပေမယ့်ညတိုင်း အိမ်မက်ထဲက လွန်းလေးမျက်နာရယ် ပြုံးရယ်နေတဲ့အမှတ်တရတွေ ကိုတော့ ကိုယ်မှတ်မိနေတယ်....ကိုယ်ဘယ်လိုပျောက်သွားလဲတော့ မမှတ်မိဘူး...ငါးနှစ်အတွင်း လစ်ဟာနေတဲ့ ဒီနေရာက လွန်းလေးကိုစတွေ့တဲ့နေ့က ပြန်ပြည့်တင်းသွားသလို ခံစားလိုက်ရတယ် ..."

Blueရဲ့စကားလုံးတွေကို လွန်းသာ နားထောင်နေမိရင်း ခုထိအပြည့်အစုံသတိမရသေးဘူးဆိုတာ သိေနမိသည်။ ဒါဆိုကားတိုက်တုံးက အကြောင်းတွေကိုကော သတိမရသေးဘူးပေါ့။ ငါပြောပြလိုက်သင့်လား... ခနတော့ အချိန်ခနလောက်တော့ စောင့်ပြီးမှ ပြောတာကောင်းလိမ့်မည်လို့ လွန်းသာဆုံးဖြတ်ကာ ကားတိုက်တုံးက အကြောင်းကိုမပြောဖို့ ထားလိုက်သည်။

လွန်းသာရဲ့လက်လေးတစ်ခုကို ဆွဲကာ Blueအိမ်အပေါ်ထပ်သို့ တတ်လာခဲ့သည်။ လွန်းသာကတော့ နောက်ကနေ သူတွေ့ချင်လွန်းလို့ လွမ်းနေမိတဲ့လူရဲ့ ကျောပြင်ကိုငေးရင်း လိုက်ပါလာမိသည်။

သို့....(completed)Where stories live. Discover now