နေမကောင်းတာကော လွန်းသာကိုသာ အရင်လိုပြန်ချစ်မိရင် မိမိရဲ့အားနည်းချက်ဟာ ထိုကောင်လေးဖြစ်သွားမှာကို Blueကြောက်နေမိသည်။ ထိုသည်ထက် ဒီကောင်လေးကို အန္တရာယ်တွေကြားထဲ ဆွဲခေါ်ဖို့ လက်တွန့်နေသည်က ပိုမှန်မည်ထင်သည်။ငါမင်းကို ထပ်မချစ်တော့ဘူး။

"ကလင်.....ကလင်.....ကလင်းးးး...."

စားပွဲပေါ်က ဖုန်းလာနေတာကြောင့် Blueဖုန်းကိုကိုင်ကာ ကြည့်လိုက်တော့ ယုကေကို စောင့်ဖို့လွှတ်ထားတဲ့ တပည့်ဖြစ်သူB2ဆီ မှ ဖြစ်သည်။ ဖုန်းကိုကိုင်လိုက်ကာ

"အေးပြော...."

"Blue....သူ့လူတစ်ချို့နဲ့ ကားတစ်စီးပေါ်ပါသွားတယ်....ကြည့်ရတာ ကြိုတင်တွေ့ဖို့မရည်ရွယ်ပေမယ့်..... အရေးတကြီးခေါ်သွားပုံရတယ်...."

B2သည် မိမိအားတ ရင်းတနှီး Blueလို့ခေါ်တတ်သည်။ Blueအစစ်ရဲ့ လက်ရုံးလုပ်ခဲ့ဖူးတာကြောင့် မိမိကိုပါ Blueအစစ်မဟုတ်မှန်းသိပေမယ့် Blueလို့သာခေါ်တတ်သည်။

"ကောင်းပြီးလေ သူတို့နောက်ကိုလိုက်သွား မလွတ်စေနဲ့ အဲ့မိန်းကလေး တစ်ခုခုဖြစ်လို့မရဘူး ...."

"ကောင်းပါပြီBlue....."

B2ရဲ့ ဆိုင်ကပ်ကြီးဟာ ကားအနက်ကြီးနောက်ကို ခပ်လှမ်းလှမ်းကနေ မျက်ခြေမပျက်လိုက်သွားရင်း မြို့စွံနားက အိမ်တစ်ခုအရောက် ကားကြီးရပ်လိုက်တာကြောင့် B2ရဲ့ ဆိုင်ကပ်ပါ ခပ်လှမ်းလှမ်းမှာရပ်ကာ ဆက်ကြည့်နေမိသည်။

ကားပေါ်တည်တည်ငြိမ်ငြိမ်နဲ့ တတ်သွားတဲ့ ယုကေကိုဟာ ပြန်ဆင်းလာတော့ ရုန်းကန်နေသည်။ ဘာကြောင့်လဲမသိ။ ယောက်ကျားကြီးသုံးယောက်က သူမကို ဘေးတစ်ဖက်ဆီကနေ ချုပ်ကာ ပါးစပ်ကိုအဝတ်နဲ့ပိတ်ရင်း ခေါ်ဆောင်သွားကျသည်။

Blueခနကြာတော့ ဖုန်းထက်ဝင်လာသည်မို့ ဖုန်းကိုကြည့်လိုက်တော့ B2ဆီက ဖြစ်နေသည်။ ဖုန်းကိုကိုင်လိုက်တော့ B2ဆီက လေသံခပ်သြသြနဲ့အေးဆေးသောအသံဖြင့်ပြောလာသည်။

"Blue သူတို့က ယုကေကိုကို ဖမ်းသွားတာပါ အခုမြို့အခွန်ကအိမ်ကြီးထဲကို ဖမ်းချုပ်ပြီးခေါ်သွားကျတယ်....."

သို့....(completed)Wo Geschichten leben. Entdecke jetzt