အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )

Start from the beginning
                                    

"အခုပဲ စလိုက်ကြစို့ "

နန်မော်ယဲ့က သွမ့်ပိုင်ယွဲ့အား သေချာ သတိပေးလိုက်သည်။

"အဲ့မြွေကြီးနဲ့ရင်ဆိုင်ဖို့က အတော်လေး ခက်လိမ့်မယ်။ လုံးဝမပေါ့နဲ့၊ ကြားလား"

သွမ့်ပိုင်ယွဲ့လည်း ဆရာဖြစ်သူ၏ စကားကို ခေါင်းညိတ်နာခံလိုက်ကာ ရွှမ်မင်ဟန်ထျယ်ဓားကို ကိုင်စွဲပြီး ထွက်သွားတော့သည်။

ထိုသူ ထွက်သွားသည်ကိုမြင်တော့ ကျန်နေခဲ့ရသည့် ချူယွမ်မှာ အသက်ရှူပင် ရပ်သွားတော့မတတ် ဖြစ်ကျန်ခဲ့သည်။ ရင်ဘတ်အစုံမှာ စိုးရိမ်သောကများကြောင့် နာကျင်တစ်ဆို့နေရပေပြီ။

*****

မြွေနဂါးကြီးမှာ အိပ်စက်ရန်ပြင်နေသော်လည်း ဘေးနားသို့ရောက်လာသော အသံတစ်ခုကြားလိုက်တော့ ချက်ချင်းပင် ခေါင်းပြန်ထောင်လာကာ ရောက်လာသော အနှီသူစိမ်းယောက်ျားကို စိတ်ဝင်တစား ကြည့်လာ၏။

သွမ့်ပိုင်ယွဲ့ကမူ ထိုမြွေနဂါးကြီးအား တစ်ကိုယ်လုံး လှည့်လာဖို့ထိ အချိန်မပေးနိုင်၊ ချက်ချင်းပင် ဓားကိုဆွဲထုတ်ကာ တဟုန်ထိုး တိုက်ခိုက်လိုက်သည်။ ဤကျွန်းပေါ်တွင် နှစ်အတော်ကြာ ကျင်လည်ကျက်စားလာခဲ့သော်လည်း မြွေကြီးအဖို့ သူ့အား မကြောက်မရွံ့ ရဲဝံ့စွာ တိုက်ခိုက်လာသော ပြိုင်ဘက်မျိုးနှင့် ယခုမှ တွေ့ဖူးတော့သည်။ ဓား၏အသွားနှင့် မြွေအကြေးခွံတို့ ထိသွားတိုင်း ထိခိုက်သံ မြည်ရုံသာမြည်ကာ အသွေးအသားများအထိ ထိုးဖောက်နိုင်ခြင်းမရှိခဲ့။

"အရေထူလိုက်တာကွာ...."

စစ်ကုန်းလွီ့က ထိုမြင်ကွင်းကိုကြည့်ရင်း အားမလိုအားမရ ဆိုလာ၏။

ချူယွမ်လည်း လက်စွဲတော်ဓားကို အသငင့်ကိုင်ဆောင်ထား၏။ အခြေအနေမဟန်တော့သည်နှင့် ချက်ချင်းပင် အပြေးဝင်သွားတော့မည်ဖြစ်သည်။

​ခဏကြာတော့ ထိုမြွေကြီးအား ဒေါသထွက်နိုင်အောင် ဆွပေးနိုင်ခဲ့သည် ။ ပါးပျဥ်းကြီးကိုထောင်လိုက်ကာ ကျူးကျော်လာသူအား စတင်တိုက်ခိုက်လာ၏။ သွမ့်ပို်င်ယွဲ့လည်း လှမ်းပေါက်လာသော တိုက်ခိုက်မှုများကို ရှောင်တိမ်းနေလိုက်သည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now