"ဗျာ ဟုတ်တယ်နော်...."

လွန်းသာ ဆန်းမောင်စကားကို ထောက်ခံလိုက်မိသည်။ အားရဝမ်းသာတော့ မတေယက်ခံနိုင်ပါ။ သတိစိတ်လွမ်းစိတ်က ဝမ်းသာစရာမှ မဟုတ်သည်ပင်။

"ကိုလွန်းကြီးဆို အစပ်မစားနိုင်ဘူး ဒါပေမယ့် လွန်းလေး ကျွေးရင် သူ့မှာ အစပ်ခံပြီး ခွံကျွေးတာ စားရတယ်..... လွန်းလေးကို ကိုလွန်းကြီးက အတော်ကို ချစ်ရှာတာ...."

"ခဗျာ...."

လွန်းသာကိုဆန်းမောင်စကားထဲက "ချစ်ရှာတာ"ဆိုတဲ့ စကားကိုကြားလို့ လန့်သွားပေမယ့် နောက်ကထွက်လာတဲ့"ခဗျာ"ဆိုတဲ့ အသံပိုင်ရှင်ကြောင့် ပိုလန့်သွားရသည်။ အသံပိုင်ရှင်ကတော့ Blueပင် ဖြစ်သည်။

"ဆန်းမောင် မြေးလေးရေ ထမင်းစားလေကွယ် ငါ့မြေးကတော့ စကားအရမ်းတကိုးးး..."

"ဟုတ်ပါ့အဖွားရာ စားစရာရှိတာစားပါ ဆန်းလေးရာ လွန်းလေးကို ထမင်းစာပျက်အောင်မလုပ်ပါနဲ့....."

"အင်းပါဗျ...."

ကိုဆန်းမောင်ကို ပြုးသာပြလိုက်မိသည်။ ထမင်းစားနေရင်း လွန်းသာမျင်ဝန်းနက်နက်တို့သည် ထောင့်တစ်ရာက ပုံရိပ်ဆီကို ရောက်သွားတတ်သည်။ ထမင်းကိုသာငုံစားနေတဲ့ ထိုလူရဲ့မျက်နာသည်အရင်ကနဲ့ မတူတော့ပါ သွေးမရှိသလို ဖျော့ရော့နေပြီး အသက်မပါသလို ရုပ်တည်နေသည်။

အဖွားတို့ကိုသာထူးကြီးတို့ကို နူတ်ဆက်ကယ ကားရှိရာသို့ လျှောက်လာခဲ့ကျသည်။ တစ်လှမ်းလုံး ရှေ့ကလျှောက်သွားတဲ့ ကျောပြင်ကြီးကိုသာ ငေးကြည့်နေမိသည်။ ခဗျားဘာလို့ ချက်ချင်းကြီး ငြိမ်သွားရတာလဲ။ ကျွန်တော့်ကို စိတ်ကောင်နေတာလား။

လွန်းသာ မနေ့က ပိုက်ဆံအိတ်ကိစ္စကို Blueစိတ်ကောက်သွာသည် အထင်နဲ့ စိတ်ထင့်နေမိသည်။ ရန်မဖြစ်ဖြစ်အောင် ရန်စတတ်သော လူသည် ငြိမ်နေကာ မိမိကို ရှိတယ်လို့ မထင်တာကြောင့် လွန်းသာ စိတ်ရှုပ်မိရသည်။ အနေခက် အေနကျပ်ရသည်။

အီ့တီက မိမိအနားကပ်လာကာ ခပ်လှမ်းလှမ်းက သူဆရာမကြားအောင် လေသံတိုးတိုးဖြင့်

သို့....(completed)Donde viven las historias. Descúbrelo ahora