03

4.5K 454 14
                                    

Unicode

စာသင်ခန်းထဲကို ဝင်လာတော့ ဆူညံနေတဲ့ အသံတွေဟာ ရုတ်ချည်း တိတ်‌ဆိတ်သွား၏
စာသင်နေတဲ့ ဆရာမကတော့ မရှိ ။
အချိန်ပြောင်းတာဖြစ်လို့ ဆရာမ မရောက်သေးတာဖြစ်မည် ။

စွဲလမ်းနိုင်ကို ကြည့်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့  အကြည့်တွေဟာ ရွံသလို။ မပတ်သက်ချင်သလို အကြည့်ဖြင့် ကြည့်နေကြတာဖြစ်သည် ။
သို့ပေမယ့် ဘာဖြစ်လဲ စွဲလမ်းနိုင်ကတော့ ဂရုမစိုက်ပါ....

မသိချင်ယောင်ဆောင်ပြီး စွဲလမ်းနိုင်ရဲ့ နေရာဖြစ်တဲ့
အနောက်ဆုံးတန်း ပြတင်းပေါက် ထောင့်ဆုံးဖက်ကို သွားတော့ ကောင်လေးတစ်ယောက်က စွဲလမ်းနိုင်ရဲ့နေရာမှာထိုင်ပြီး ခပ်တည်တည်ကြည့်နေသတဲ့ ။   သူက စွဲ‌လမ်းနိုင် ကျောင်းမပျက်ခင်က မတွေ့ ။ ကျောင်းပျက်ပြီးမှ ရောက်လာတယ်ဆိုတော့ သူက ကျောင်းသားသစ်ပဲဖြစ်ရမည် ။

စွဲလမ်းနိုင်က ရပ်နေသော်လည်း သူကမဆိုင်သလို မသိသလို ထိုင်နေတာကြောင့်...

“ငါ့နေရာ ”

စွဲလမ်းနိုင် ပြောတော့ သူက မဆိုင်းမတွ...

“ငါလည်းထိုင်မယ် ”

“ငါကGayနော် ”

စွဲလမ်းနိုင်ရဲ့စကားကို ကြားတော့ သူဟာ ထရယ်လိုက်ပါတယ်လေ...ပြီးတော့ မျက်လုံးကိုတည့်တည့်ကြည့်လျှက်..

“‌ ယောင်္ကျားတစ်ယောက်ကို ချစ်မိတာနဲ့ ဂေးဖြစ်သွားရောလား ”

“မင်းအဖြေကို ကြိုက်ပြီလေ ”

သူ့အဖြေဟာ စွဲလမ်းနိုင်ကို စိတ်ကျေနပ်စေတာမို့လို့
ထိုင်နေတဲ့ သူ့  ပုခုံးကို လက်သီးဖြင့် ခပ်ဖွဖွထိုးကာ ရင်းနှီးကြောင်းပြလိုက်၏။
ကြည့်ရတာ စွဲလမ်းနိုင် အကြောင်းတွေကို သိပြီးပြီထင်သည် ။
သူက သွားလေးတွေ ပေါ်အောင် ရယ်လိုက်တော့
အစွယ်လေးက ပေါ်လာသည် ။

“ ဒါဆို ငါဒီမှာ ထိုင်မယ် ”

“ငါနဲ့ အပြောခံနိုင်ရင် ထိုင်လေ ၊
ငါကအဆင်‌ပြေတယ် ”

စွဲလမ်းနိုင်က ပြောရင်းဆိုရင်း ပြတင်းပေါက်ဖက်ကို သူ့နေရာက ကျော်ရင်း ဝင်ထိုင်လိုက်၏ ။ သူက ဘောပင်ကို ‌နားရွက်နောက် တင်ထားလိုက်ရင်း
စွဲလမ်းနိုင် ဖက်ကိုလှည့်၍...

I'm Not D A D D Y's SonTempat cerita menjadi hidup. Temukan sekarang