05

4K 470 61
                                    

Unicode

“စွဲလမ်းနိုင် ”

“အင်း ဘာလဲ ”

ဖုန်းထဲက ဂိမ်းကို အသေအကြေဆော့နေစဉ် ဘေးက ခေါ်လာတဲ့ အသံကို ကြားတာကြောင့် လှည့်မကြည့်ပဲ ပြန်ထူးလိုက်၏ ။

“ငါမင်းအဖေနော် ”

နည်းနည်း ဒေါသထွက်နေတဲ့ အသံကြောင့် ဖုန်းနှိပ်လျှက် မော့ကြည့်မိတော့ စွဲလမ်းရဲ့ခြေထောက်တင်ထားရာ စားပွဲခုံပေါ်ကို သူက မျက်နှာသေဖြင့်လက်တင်ပြီး ကြည့်နေသည်  ။

“ဦး..ဦးဧ ”

“ မင်း ကျောင်းပြောင်းမလား ”

သူ့စကားကြောင့် ဖုန်းကိုဘေးနား ပစ်ချ၍ သူ့ကို တည့်တည့်ကြည့်မိသည်။

“ မပြောင်းဘူး ”

“ဒါဆို မင်းအတွက် မေမေလေး အသစ်ရှာပေးရမလား ”

“ဦး‌ဧ ၊ မညစ်နဲ့ဗျာ ”

သူက ရုပ်တည်ဖြင့် ကြည့်နေတုန်းပဲ ။
စွဲလမ်းနိုင် တစ်ကယ် စိတ်ညစ်သွားသည် ။
နှစ်ဝက်ကြီး ကျောင်းပြောင်းတာ လွယ်တယ်များ ဒီလူထင်နေသလား ။
စွဲလမ်းနိုင် မေမေလေးတော့ မလိုချင်....
ဒီလူက ပြောရင် ပြောတဲ့အတိုင်းလုပ်တာ ။
ဉပဒိရုပ်ကောင်းကောင်းနဲ့ဆိုတော့ သူ့နောက် ကောက်ကောက်ပါလာမဲ့ ‌ပန်းကလေးတွေမှအများကြီး ။
ဒီလိုလူကိုမှ ချစ်မိတာမှားတာ ။

“‌ဟိုကောင်နဲ့ တတွဲတွဲလုပ်နေသေးတယ်ဆို ”

“ဘယ်သူလဲ ၊ ညို့..လား ”

စွဲလမ်းနိုင်ရဲ့ စကားကို ဒီလူက ခေါင်းအသာညိမ့်လျှက် တုံ့ပြန်သည်။

“ညို့က ကျွန်တော့်အပေါ်
အရမ်းကောင်းတာကို ၊ လူ‌တိုင်းက ကိုယ့်အပေါ်ကောင်းတဲ့လူကို ပိုခင်တွယ်တာ သဘာဝပဲလေ ”

“ငါဂရုမစိုက်ဘူး ၊ မနက်ဖြန် တခြားကျောင်းပြောင်းရမယ် ၊  ”

သူပြောချင်ရာပြောပြီး ထထွက်သွားတယ်လေ ။
ဒီလူဟာ အသက်ကဖြင့် ၃၀ရှိနေပြီ
အခုထိအမြဲထင်ရာစိုင်း နေတုန်းပဲ ။
တစ်ကယ်ဆို စွဲလမ်းနိုင်အတွက်က
ကျောင်းပြောင်း‌ပြောင်းမပြောင်းပြောင်း ကိစ္စမရှိပါ ။
အချိန်‌အတော်ကြာ တက်ခဲ့ဖူးသည့် ကျောင်းဖြစ်လို့
မပြောင်းချင်တာလေး ပါပဲ ။
ဒါပေမယ့်လည်း ထိုလူကိုယ်တိုင်က ပြောင်းခိုင်းနေတယ်ဆိုတော့လည်း...

I'm Not D A D D Y's SonWhere stories live. Discover now