24

1.4K 114 5
                                    

Unicode

စားသောက်ခန်းမှာ
ဦးဇာတိမာန်နဲ့ ညစာအတူစားပြီး
သူက သူ့စာကြည့်ခန်းထဲ အလုပ်လုပ်ရန်အတွက်
ဆိုပြီး ဝင်သွားတာ‌ကြောင့် စွဲညို့သက္ကနိုင်
တယောက်တည်း ဧည့်ခန်းမှာကျန်ခဲ့သည် ။

ညစာကို ဦးဇာတိမာန်က ချက်ကျွေးတာ ။
သူကတကယ် ဟင်းချက်တော်တယ်။
အထူးသဖြင့် နိုင်ငံခြားအစားစာတွေ ။
သူချက်တတ်တာတွေလဲ သူပြောပြတယ် ။
‌တရုတ်အစားအစာတွေ အီတလီအစားအစာတွေ....
ဒီညစာကတော့ pastaဖြစ်သည် ။
အေပရွန်ဝတ်ပြီး ဟင်းချက်ခန်းထဲမှာ
လှုပ်ရှားနေတဲ့သူက တကယ်ကြည့်ကောင်းသည် ။
လူကြီးဆိုပေမယ့် ငယ်ရွယ်နေတုန်းပဲ
အနောက်ခိုင်းထားတဲ့ အေပရွန်ဝတ်ထားတဲ့
ခါးသွယ်သွယ်လေးက တကယ်မှသွယ်သွယ်လေး ။
ဝတ်စုံအပြည့်ဝတ်ပီး ရုံးတွေသွားတုန်းက
မသိသာပေမယ့် အခုလိုအချိန်တော့
တကယ်သိသာတယ်။

ခြံထဲမှာ လရောင်ကြောင့်လင်းထိန်၍နေသည် ။
သူဧည့်ခန်းထဲမှာ နေရတာ ပျင်းလာတာကြောင့်
ခြံထဲထွက်ဖို့သူစဉ်းစားပြီး တခါတည်း
ထွက်လာခဲ့တော့သည်။
ဦးဇာတိမာန်ခြံကျယ်ထဲမှာ စားပွဲခုံနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်ခုံနှစ်ခုထားထားသည် ။
သူဝင်ထိုင်လိုက်ပြီး သူ့အတွေးတွေက
ရောက်ချင်ရာရောက်...

အုန်းပင်အမြင့်ကြီးတွေက ကောင်းကင်ထက်သို့
မြင့်တက်နေသည် ။
လေအေးအေးတွေက တဖြည်းဖြည်းတိုက်နေပြီး
နေရတာကောင်းသည် ။
လရောင်ကလင်းထိန်နေတာကြောင့်
သူ့အတွေးတွေက ပျံ့လွင့်နေရတယ်...

သူတကယ်ကို စိတ်ရှုပ်ထွေးမှုတွေနဲ့
ပြည့်နှက်နေရသည်မှာအမှန် ။
သူစွဲလမ်းနိုင်နဲ့နေချင်တယ် ။
သူစွဲလမ်းနိုင်ကိုချစ်တယ် ။
ညီအကိုဖြစ်တော့ရော ဘာဖြစ်လဲ ။
သူဂရုမစိုက်ဘူး...

ဒါပေမယ့် စွဲသာသိရင် စွဲညို့သက္ကနိုင်ကို
ညီအကိုလို့သတ်မှတ်လိုက်မှာ ။

စိတ်ပျက်ဖို့‌ ကောင်းတဲ့ မိသားစုနဲ့လဲမနေချင်ဘူး ။
Brazilမှာ သွားနေဖို့ကလဲ စွဲပါမှ သွားချင်တယ် ။
စွဲသာပါရင် သူဘယ်နေရာဖြစ်ဖြစ်သွားမှာ..

လွန်ခဲ့တဲ့ နှစ်တွေက shining star companyရဲ့ ထုတ်ကုန်အသစ်မိတ်ဆက်ပွဲကို သူ့မွေးစားအမေနှင့်
စွဲလမ်းနိုင်ရောက်ခဲ့တည်းက စွဲကို
သူစိတ်ဝင်စားခဲ့တာ ။

I'm Not D A D D Y's SonWhere stories live. Discover now